Peaky Blinders Season 3 (2016) မြန်မာစာတန်းထိုး

Peaky Blinders Season 3 (2016) မြန်မာစာတန်းထိုး

Your rating: 0
9.7 26 votes

Creator

Creator

Cast

Synopsis

Review အသုံးပြုခွင့်ပေးတဲ့ The Silver Screen Page နဲ့ review ရေးသူ ရာရာကို ကျေးဇူးအထူးတင်ပါတယ် <3

*သွေးထွက်သံယို၊ ဖရုဿဝါစာနဲ့ အပြာခန်းတေွ အတော်လေးပါပါတယ်*

——————–
“လူတစ်ယောက်ကို တစ်ခါခွင့်လွှတ်ပေးလိုက်ရင်
အဲဒီ့လူက အလုံးအရင်းနဲ့ နောက်တစ်ခါတက်လာလိမ့်မယ်
အခွင့်ရှိတုန်း တစ်ခါတည်း
အမြစ်က ဖျက်ချလိုက်မှရမယ်
ငါတို့ သူတို့ ဘားတွေ ကလပ်တွေကို သိမ်းတယ်
ဘာလို့သိမ်းလဲ?
သိမ်းနိုင်လို့သိမ်းတယ်”

(သောမက်စ် ရှယ်လ်ဘီ)
———-

ဇာတ်လမ်းအကျဉ်း
၁၉၁၈ အကုန်ပိုင်းမှာ ပထမ ကမ္ဘာစစ်ကြီးပြီးလေရဲ့။
ပြင်သစ်မှာစစ်တိုက်ပြီး အသက်ရှင်ကျန်တဲ့ အင်္ဂလန်စစ်သားတွေကတော့ ကိုယ့်ရပ်ကိုယ့်ရွာကို ပြန်လာခဲ့ပြီ။ ဒီထဲမှာ ရှယ်လ်ဘီမိသားစုက ညီအစ်ကိုသုံးယောက်ဟာလည်း သူတို့မြို့ဖြစ်တဲ့ ဘာမင်ဟမ်ကို ပြန်လာပါတယ်။ သူတို့မရှိတဲ့အချိန်မှာ မိသားစုစီးပွားရေးဖြစ်တဲ့ မြင်းလောင်းပွဲအသေးလေးတွေကို အမျိုးသမီးတွေက စီမံနေခဲ့တယ်။ ရသလောက်နဲ့ တင်းတိမ် ရှိတာနဲ့ အဆင်ပြေနေခဲ့တယ်ပေါ့။

စစ်ကြီးလည်းပြီးတော့ ညီအစ်ကိုသုံးယောက် ပြန်ရောက်လာပြီး မိသားစုစီးပွားရေးကို လက်လွှဲယူခဲ့တယ်။ ဒီထဲမှာ အဓိကအရေးကြီးတာက သောမက်စ်ရှယ်လ်ဘီဆိုတဲ့သူ။ ညီအစ်ကိုတွေထဲက အလတ်ကောင်။
ရှယ်လ်ဘီမိသားစုက ခန္ဓာကိုယ်ကြီးဆို သောမက်စ်ဟာ ဦးနှောက်ဆိုလည်းဟုတ်တယ်။ နှလုံးသားဆိုလည်း ဟုတ်တယ်။ စစ်ကြီးအပြီး သွေးဆာနေတဲ့ယောက်ျားတွေ ချယ်လှယ်တဲ့ စီးပွားရေးလောကထဲမှာ သောမက်စ်သာမရှိရင် ရှယ်လ်ဘီမိသားစုကြီး ဒေဝါလီခံသွားနိုင်တယ်ပေါ့။

သောမက်စ်ဟာ အမြင်ရှိတယ်။ အကွက်မြင်တယ်။ ကံတရားရဲ့ ဖေးမမှုကိုရတယ်။ ကွန်မြူနစ်တွေ သောင်းကျန်းတဲ့ ၁၉၁၉ ဘာမင်ဟမ်မှာ သောမက်စ်ဟာ မတော်တဆမှားပြီး စစ်လက်နက်တွေ အပြည့်တင်ထားတဲ့ သေတ္တာကြီးတစ်ခုကို ရခဲ့တယ်။
ဒီဟာကနေ စတာပါဘဲ။ အကွက်မြင်တဲ့ သောမက်စ် ရှယ်လ်ဘီဟာ သေတ္တာတစ်ခု အရင်းပြုလို့ မိသားစုစီးပွားရေးကို ချဲ့ထွင်ပါတော့တယ်။
———
Review
ဒီ Series မှာ Season လေးခုပါပါတယ်။ တစ်ခုကို တစ်နာရီကြာတဲ့ အပိုင်း ၆ ပိုင်းနဲ့ Season လေးခုပေါ့။ Season 5 ရဲ့ trailer လည်း မကြာခင်ကမှ ထွက်လာခဲ့ပါပြီ။

ဒီဇာတ်ကားကို Steven Knight က ရေးပေးထားတာပါ။ Steven ရဲ့ အမေဟာ ၁၉၁၉ ဘာမင်ဟမ်မှာရှိနေပြီး အသက် ၂၀ ဝန်းကျင်ပေါ့။ နောက် သူမဟာ မြင်းလောင်းတဲ့ဒိုင်မှာ စာရင်းကိုင်တစ်ယောက်။ စတီဗင်ငယ်ငယ်ကတည်းက သူ့အိပ်ယာဝင်ပုံပြင်တွေဟာ ၁၉၁၉ ဘာမင်ဂမ်ကို အခြေခံတယ်။ သူငယ်ငယ်ကတည်း ဂိုဏ်းစတားပုံပြင်တွေနဲ့ အကျွမ်းဝင်ပြီးသား။ အခုတော့ သူ့ရဲ့ ပုံဖော်မှုဟာ ၁၉၂၀ ဗြိတိန်ဆင်ခြေဖုံးကို ပုံဖော်မှုတွေထဲမှာ အကောင်းဆုံးနဲ့ လက်ရာအမြောက်ဆုံးအဖြစ် သတ်မှတ်ခံထားရတာ မဆန်းပါဘူး။

ဂိုဏ်းစတားရုပ်ရှင်တွေ၊ မျက်နှာမမဲ့ဘဲကြမ်းတဲ့ လူမိုက်တွေ၊ သွေးသံရဲရဲတွေကို ၂၀ ရာစုအစောပိုင်း အင်္ဂလန်ရဲ့ အကောင်းဆုံး setting တွေ၊ အကောင်းဆုံး နောက်ခံတေးသီချင်းတွေ၊ အထာကျတဲ့ ဇာတ်ဝင်ခန်းတစ်ချို့နဲ့ ပေါင်းလိုက်ရာမှာတော့ Peaky Blinders ဆိုတာ ဖြစ်လာပါတော့တယ်။
Peaky Blinders ဆိုတာကတော့ ရှယ်လ်ဘီမိသားစု စီးပွားရေးမအောင်မြင်ခင် ရပ်ကွက်တွင်းက နာမည်ပေါ့။ သူတို့ဟာ ဂါရစ်ဆန်လို့ခေါ်တဲ့ အရက်ဆိုင်စောင့်ရှောက်သူတွေ အဆင့်ကနေ ဝင်စတန်ချာချီနဲ့အတူ စီးပွားရေးလုပ်ဖော်ကိုင်ဖက်တွေအထိ ဖြစ်လာပါတော့တယ်။

ရှယ်လ်ဘီတွေရဲ့ ဆေးလိပ်အငွေ့တိုင်းဟာ ရင်သပ်စရာကောင်းတယ်။ ဒါပြီး နောက်ဘာလာမလဲဆိုတာ တွေးမရဘူး။ သောမက်စ်ရဲ့ခေါင်းထဲ ဝင်ကြည့်ရင်လည်း အထင်နဲ့အမြင် တလွဲတွေချည်း ထွက်ထွက်လာမယ်။ ဒါဟာ ဒီဇာတ်ကားရဲ့ အနှစ်ပါဘဲ။
မကောင်းတာတစ်ခုကို ပြောရမယ်ဆိုရင်တော့ ဇာတ်အထနှေးတာပါဘဲ။ Pilot ဆိုတဲ့ အပိုင်းကလေးမရှိဘူး။ ဒီတော့ ပထမ EPISODE ပြီးရင်လည်း ဇာတ်ရည်လည်မှာ မဟုတ်သလို အရသာတွေ့မှာမဟုတ်ဘူး။ ဒီတော့ ၂ပိုင်း ၃ပိုင်းလောက်ကြည့်ပြီးမှ အရသာတွေ့လာပါလိမ့်မယ်။ ဒါပြီးရင်တော့ မျက်စိအရှေ့က ခွာချင်တော့မှာ မဟုတ်ပြန်ဘူး။

အဓိကညွန်းချင်တဲ့ သရုပ်ဆောင်ကတော့ တစ်ယောက်ဘဲရှိပါတယ်။ သူကတော့ Cillian Murphy ပါဘဲ။ သောမက်စ်ရှယ်လ်ဘီအဖြစ် သရုပ်ဆောင်တဲ့ သူ့ကို ပရိသတ်တွေအနေနဲ့ Dark Knight ဇာတ်ကားတွေထဲမှာ Scarecrow အဖြစ်သိကြပါလိမ့်မယ်။ သူဟာ သောမက်စ်ဇာတ်ကောင်အတွက် အပိုအလိုမရှိဘူး။ ပီပြင်လွန်းတယ်။ သူ့ခြိမ်းခြောက်သံတွေဟာ မျက်နှာမရွဲ့ဘူး၊ မျက်နှာမမဲ့ဘူး။ သရုပ်ဆောင်နေမှန်း သိရက်နဲ့တောင် ကြောက်စရာကောင်းတယ်။ ဆေးလိပ်ကို ဟန်ပါပါသောက်လိုက်တိုင်းမှာ သူဟာ ဘယ်နေရာကို စီးပွားချဲ့တော့မလဲဆိုတာ လိုက်တွေးကြည့်မိတဲ့အထိ ဇာတ်ကောင်နဲ့သူနဲ့ လိုက်လွန်းတယ်ဆိုရမယ်။

အချုပ်ပြောရရင်တော့ ပစ်ချက်မတွေ့မိတဲ့ ဒီဇာတ်ကားဟာ ပထမကမ္ဘာစစ်နဲ့ ဒုတိယကမ္ဘာစစ်ကြားက အမှောင်ကာလကို မီးထွန်းပေးတဲ့ ပုံဖော်မှုကြီး တစ်ခုပါဘဲ။ လူဆိတ်ငြိမ်တဲ့အခါမှာကြည့်ပါ။ နောက်ခံသီချင်းတွေ တီးလုံးတွေဟာ တန်ဖိုးရှိလွန်းတယ်။ Setting အပြင်အဆင်တွေဟာ သေသပ်လွန်းတယ်။
အရသာခံကြည့်ပါလို့ ပြောလိုက်ရပါတယ်။

Genre – Crime, Drama
IMDb rating – 8.8/10
Tomatometer – 87%
Total episodes – 6
Runtime – Around 60mins per episode
Quality – 1280×688
File Size – Around 350 Mb per episode
Translated and Encoded by – May Myat Thu

 

Episode 1

GD1  GD2  Mega

 

Episode 2

GD1  GD2  Mega

 

Episode 3

OP  GD  Mega

 

Episode 4

GD1  GD2  Mega

 

Episode 5

GD1  GD2  Mega

 

Episode 6 – Final

GD1  GD2  Mega

Similar titles

Empress Ki | Korea TV Series (2013– ) မြန်မာစာတန်းထိုး
Kill Me Heal Me (Drama-2015)TV Series မြန်မာစာတန်းထိုး
Catch the Ghost (မြန်မာစာတန်းထိုး)
Six Flying Dragons (2015-2016) မြန်မာစာတန်းထိုး
Doctor John (2019) မြန်မာစာတန်းထိုး
My Mad Fat Diary (2013) မြန်မာစာတန်းထိုး
Hymn of Death မြန်မာစာတန်းထိုး
Goddess of Fire TV Series (2013– ) မြန်မာစာတန်းထိုး
The Game: Towards Zero (2020) မြန်မာစာတန်းထိုး
Left-Handed Wife (2019) မြန်မာစာတန်းထိုး
Full House Korea TV Series (2004 -) မြန်မာစာတန်းထိုး
Poldark TV Series (2015– ) မြန်မာစာတန်းထိုး