Hymn of Death မြန်မာစာတန်းထိုး

Hymn of Death မြန်မာစာတန်းထိုး

Nov. 27, 2018
Your rating: 0
9.3 7 votes

Creator

Creator

Cast

Lee Jong-suk isKim Woo-Jin
Kim Woo-Jin
Shin Hye-sun isYun Sim-Deok
Yun Sim-Deok
Lee Ji-hoon isHong Nan-Pa
Hong Nan-Pa
Lee Sang-Yeob isKim Hong-Ki
Kim Hong-Ki

Synopsis

Hymn of Death  မြန်မာစာတန်းထိုး

ဒီတစ်ခါ FoF ပရိသတ်ကြီးအတွက် တင်ဆက်ပေးဖို့ အလှည့်ကျလာတဲ့ K-Drama စီးရီးလေးကတော့ ကိုရီးယားအနုပညာရှင်နှစ်ယောက်ရဲ့ ၀မ်းနည်းကြေကွဲဖွယ် ဖြစ်ရပ်မှန်ဇာတ်ကြောင်းကို ပုံဖော်ရိုက်ကူးထားတဲ့ He Hymn of Death ပဲ ဖြစ်ပါတယ်။ Lee Jong Suk နဲ့ Shin Hye Sun အဓိကပါဝင်သရုပ်ဆောင်ထားပြီး Park Seom Im, Lee Ji Hoon နဲ့ Ha Eun Seo တို့က supporting role ကနေ အားဖြည့်ပံ့ပိုးထားပါတယ်။

ဒီဇာတ်ကားရဲ့ အဓိက character တစ်ဦးဖြစ်တဲ့ Yum Shim Deok ဟာ ကိုရီးယားနိုင်ငံရဲ့ ပထမဦးဆုံး soprano အဆိုတော်ဖြစ်ပါတယ်။ သူမကို ၁၈၉၇ ခုနှစ်က ပြုံယမ်းမြို့မှာ မွေးဖွားခဲ့ပြီး ဆိုးလ်မြို့မှာရှိတဲ့ ကျုံဆောင်းဆရာအတတ်သင်ကောလိပ်ကနေ ဘွဲ့ရခဲ့ပါတယ်။ ကိုရီးယားမှာ မူလတန်းပြဆရာမအဖြစ် ၁နှစ် တာဝန်ထမ်းဆောင်ပြီးတဲ့အခါမှာတော့ ဂျပန်နိုင်ငံ တိုကျိုဂီတပညာသင်ကျောင်းမှာ သွားရောက်ပညာသင်ယူခဲ့ပါတယ်။ ဂျပန်နိုင်ငံမှာပဲ အင်္ဂလိပ်စာပေအထူးပြုကျောင်းသား ပြဇာတ်ရေးဆရာ Kim Woo Jin တွေ့ဆုံချစ်ကျွမ်းဝင်ခဲ့ပေမယ့် Woo Jin မှာ အိမ်ထောင်ရှိနှင့်ပြီးသား ဖြစ်နေခဲ့ပါတယ်။ ကျောင်းပြီးလို့ ဆိုးလ်မြို့ပြန်ရောက်လာတဲ့အခါ သူမရဲ့ အသံပါဝါအားကောင်းလှတဲ့ ဆိုပုံဆိုဟန်ကို ပရိသတ်တွေ ရင်သပ်ရှုမော ဖြစ်ခဲ့ရပေမယ့် အနောက်တိုင်းဂန္တ၀င်ဂီတတစ်မျိုးထဲနဲ့ စားဝတ်နေရေးပြေလည်အောင် မရပ်တည်နိုင်တဲ့အတွက် ပေါ့ပ်သီချင်းတွေလည်း သီဆိုဖြစ်ခဲ့ပါတယ်။ ဂီတမှာထူးချွန်သလောက် အချစ်ရေးကံခေခဲ့တဲ့ Shim Deok ဟာ ၁၉၂၆ ခုနှစ်မှာ Death Song လို့ လူသိများတဲ့ “In Praise of Death” သီချင်းကို အသံသွင်းခဲ့ပြီး ကြေကွဲဆို့နင့်ဖွယ် အလှည့်အပြောင်းတစ်ခုနဲ့ ရင်ဆိုင်ခဲ့ရပါတော့တယ်။

ကိုရီးယားနိုင်ငံသမိုင်းမှာ ယနေ့ထက်တိုင် ပြောစမှတ်ပြုရလောက်တဲ့ အနုပညာရှင် Yum Shim Deok နဲ့ Kim Woo Jin ရဲ့ စည်းခြားထားတဲ့အချစ်က ပရိသတ်ရင်ကို ဘယ်လောက်ထိ လှုပ်ခါဆွဲခတ်နိုင်မလဲဆိုတာ စီးမျောခံစား အားပေးလိုက်ရအောင်လားခင်ဗျာ

 

Review by May Myat Thu

 

Translated by Yuzana Nyi & Shu Mei Zhi

 

 

 

Hymn of Death မြန်မာစာတန်းထိုး
Hymn of Death မြန်မာစာတန်းထိုး
Original title Praise of Death
First air date Nov. 27, 2018
Last air date Nov. 27, 2018
Seasons 1
Episodes 2

Similar titles

Motherland: Fort Salem (2020) မြန်မာစာတန်းထိုး
You Are The Best! Lee Soon-Shin (2013) မြန်မာစာတန်းထိုး
Kill Me Heal Me (Drama-2015)TV Series မြန်မာစာတန်းထိုး
“Uncontrollably Fond” TV Series ( 2016 ) မြန်မာစာတန်းထိုး
Left-Handed Wife (2019) မြန်မာစာတန်းထိုး
The 1st Shop of Coffee Prince TV Series (2007) မြန်မာစာတန်းထိုး
That Winter, The Wind Blows (2013) မြန်မာစာတန်းထိုး
The Last Empress မြန်မာစာတန်းထိုး
Mistresses (2018) မြန်မာစာတန်းထိုး
The Guest (2018) South Korean Television Series မြန်မာစာတန်းထိုး
Page Turner (2016) မြန်မာစာတန်းထိုး
My Father is Strange (Drama – 2017) (မတည့်အတူနေ မိသားစု) TV Series မြန်မာစာတန်းထိုး