Full House Korea TV Series (2004 -) မြန်မာစာတန်းထိုး

Full House Korea TV Series (2004 -) မြန်မာစာတန်းထိုး

Jul. 14, 2004
Your rating: 0
9.7 6 votes

Creator

Creator

Cast

Rain isLee Yeong-jae
Lee Yeong-jae
Song Hye-kyo isHan Ji-eun
Han Ji-eun
Han Eun-jung isKang Hye-won
Kang Hye-won
Kim Ji-young isYoung-jae'
Young-jae'
Do-han Kang isDong-wook
Dong-wook
Jang Yong isMr. Lee
Mr. Lee
Im Ye-jin isDae-pyo
Dae-pyo

Synopsis

Full House Korea TV Series (2004 -) မြန်မာစာတန်းထိုး

=======================

လွန်ခဲ့တဲ့ ၁၀နှစ်ဝန်းကျင်လောက်က “ချစ်စံအိမ်” ဇာတ်လမ်းတွဲကြည့်ဖို့

တီဗီရှေ့ အပြေးအလွှားနေရာယူခဲ့ဖူးတဲ့ 90’s kids တွေ လက်ညိုးထောင်!

ချစ်စံအိမ်လို့ပြောလိုက်ရင် Kdrama ချစ်သူ ကလေးလူကြီးအားလုံးရဲ့ အချစ်တော် ဟန်ဂျီအွန်း (မင်းသမီး ဆောင်းဟေကို) နဲ့ လီယောင်ဂျေး (သရုပ်ဆောင်/အဆိုတော် ရိန်း) စုံတွဲလေးကို

မျက်စိထဲပြေးမြင်မိကြမှာ အသေအချာပါပဲ။

ဆောင်းဟေကိုဆိုတာ ဆောင်းဦးရွက်ကြွေချစ်သက်သေဇာတ်ကားမှာ ပရိသတ်တွေ တစ်ရှူးအထပ်လိုက်ဆောင်ရတဲ့အထိ အွန်ဆောဇာတ်ရုပ်ကို တည်တည်ငြိမ်ငြိမ် လွမ်းလွမ်းဆေးဆေး သရုပ်ဆောင်ပြခဲ့သလောက် ချစ်စံအိမ်ဇာတ်ကားမှာတော့ သူမှဟုတ်ရဲ့လားလို့

ထင်ရလောက်အောင်ကို သွက်သွက်လက်လက် ချက်ချက်ခြာခြာ သရုပ်ဆောင်ပြရင်း

ရုပ်ရှင်ချစ်သူတွေရဲ့နှလုံးသားကို ကိုင်လှုပ်သွားခဲ့တာလေ။

ပြီးတော့ ရိန်းဆိုတာကလည်း မြန်မာပရိသတ်တွေရဲ့ရင်ထဲကို ချစ်စံအိမ်ဇာတ်ကားနဲ့ ပထမဆုံးတိုးဝင်လာခဲ့ပြီး ခုထက်ထိအောင် မွီးတို့ ခေးတို့ရဲ့ အားပေးမှုကို

အခိုင်အမာရထားတုန်းပဲ ဟုတ်။

ဒီတော့ အားလုံးနဲ့ရင်းနှီးပြီးသား ချစ်စံအိမ်ဇာတ်လမ်းတွဲလေးကို FOF က မြန်မာစာတန်းထိုးနဲ့ တင်ဆက်ပေးတော့မှာမို့ ဇာတ်လမ်းမေ့နေသူတွေလည်း ပြန်သတိရလာအောင်၊ မကြည့်ဖူးသူတွေလည်း ဇာတ်လမ်းအကြောင်းလေး အကြမ်းဖျဉ်းသိသွားရအောင်

ပြန်အစဖော်ပေးမယ်နော်။

ဟန်ဂျီအွန်းဟာ သွက်လက်ထက်မြက်တဲ့ ဇာတ်ညွှန်းရေးဆရာမတစ်ယောက်ဖြစ်ပြီး မိဘနှစ်ပါးဆီကနေ FULL HOUSE လို့ အမည်ပေးထားတဲ့ အိမ်ဂေဟာကြီးကို အမွေဆက်ခံရရှိထားသူပါ။

လီယောင်ဂျေးကတော့ ဆန်းပွင့်နေတဲ့ ရုပ်ရှင်သရုပ်ဆောင်တစ်ယောက်ဖြစ်ပြီး အတ္တကြီးသလောက် မိတ်ဆွေသူငယ်ချင်းတွေကို ဂရုစိုက်တတ်သူပါ။

တစ်နေ့မှာ ဂျီအွန်းရဲ့သူငယ်ချင်းနှစ်ယောက်က ငွေလိုချင်ဇောနဲ့ မလိမ့်တပတ်ဉာဏ်ဆင်ရင်း ဂျီအွန်းကို အပန်းဖြေခရီးလွှတ်လိုက်ပြီး FULL HOUSE အိမ်ကြီးကို ရောင်းပစ်ခဲ့ပါတယ်။

အဲဒီ့အချိန်မှာပဲ ကံဆိုးသူဂျီအွန်းတစ်ယောက် လေယာဉ်ပေါ်မှာ ယောင်ဂျေးနဲ့တွေ့ပြီး နောင်ဂျိန်ဇာတ်လမ်းလေးတွေ ညိလာခဲ့ပါတယ်။

ဖြစ်ချင်တော့ ခရီးကလည်းပြန်ရောက်ရော သူ့အိမ်ကို ယောင်ဂျေးဆီရောင်းပြီးသား ဖြစ်နေခဲ့တဲ့အတွက် ဒီအိမ်ကိုပြန်ဝယ်နိုင်ဖို့ ယောင်ဂျေးဆီမှာ အိမ်ဖော်ပြန်လုပ်ရတဲ့ဘဝ

ရောက်ရပါတော့တယ်။

ဒီလိုနဲ့ လုံးဝအကျင့်စရိုက်မတူတဲ့ သူတို့နှစ်ယောက် တစ်အိမ်ထဲ မတည့်အတူနေရင်း

ယောင်ဂျေးက သူ့ရဲ့ CRUSH ဟေးဝန်ကို မနာလိုအောင်လုပ်ဖို့ ဂျီအွန်းနဲ့ဟန်ဆောင်လက်ထပ်ဖို့ ဖြစ်လာတဲ့အခါ…..

ဆယ်လီမင်းသားနဲ့ အထည်ကြီးပျက် ဇာတ်ညွှန်းရေးဆရာမလေး ချစ်စံအိမ်ကြီးထဲ ဘယ်လိုတွေနှစ်ပါးသွားကြမလဲဆိုတာ ရင်ခုန်စွာနဲ့ ဆက်လက်ကြည့်ရှုလိုက်ရအောင်နော်….

Reviewed by ….May Myat Thu

Fixed by …. Win Kyaw Thu,

Encoded By….. Win Kyaw Thu

EP1
EP2
EP3
EP4
EP5
EP6
EP7
EP8
EP9
EP10
EP11
EP12
EP13
EP14
EP15
EP16 (END)

Original title 풀하우스
First air date Jul. 14, 2004
Last air date Sep. 02, 2004
Seasons 1
Episodes 16
Duration 70m

Similar titles

Heart Surgeons (2018) South Korean Television Series မြန်မာစာတန်းထိုး
FBI TV Series (2018– ) မြန်မာစာတန်းထိုး
Left-Handed Wife (2019) မြန်မာစာတန်းထိုး
Page Turner (2016) မြန်မာစာတန်းထိုး
Spring Turns to Spring (2019) မြန်မာစာတန်းထိုး
Love cell (Season 2​) 2015 မြန်မာစာတန်းထိုး
Peaky Blinders Season 3 (2016) မြန်မာစာတန်းထိုး
Unstoppable High Kick မြန်မာစာတန်းထိုး
Victoria (2016) မြန်မာစာတန်းထိုး
Age of Legends (2018) မြန်မာစာတန်းထိုး
Bodyguard Season 1 (2018) မြန်မာစာတန်းထိုး
Moorim School (2016) မြန်မာစာတန်းထိုး