Boys Over Flowers (2009) မြန်မာစာတန်းထိုး

Boys Over Flowers (2009) မြန်မာစာတန်းထိုး

Your rating: 0
9.8 8 votes

Creator

Creator

Cast

Synopsis

Boys Over Flowers (2009)

 

2009 ခုနှစ်တုန်းက နှုတ်ခမ်းနီမလေးတွေရဲ့ ပါးစပ်ဖျားမှာ တအားတအား ရေပန်းစားခဲ့တဲ့ Boys over Flowers (F4) ကားလေး ပြန်လာပါပြီ။ F4 မင်းသား ၄ယောက်လို့ ပြောလိုက်ရင် ကောင်မလေးတွေ သည်းသည်းလှုပ် အားပေးလွန်းအားကြီးလို့ RS တွေ နောင်ဂျိန်ပလေးလိုက်ကြတာ မြင်မကောင်းရှုမကောင်းပါပဲ ?

FoF ကလည်း ပရိသတ်တွေ ဖိုက်တင်ပလေးစေချင် အဲလေ ရသမျိုးစုံခံစားစေချင်တဲ့ ဆန္ဒနဲ့ တစ်ချိန်က hit ဖြစ်ခဲ့တဲ့ စီးရီးလေးတွေကို ပြန်တင်ဆက်ပေးနေတာပါ။

ကြည့်ပြီးသားသူတွေ များလောက်ပေမယ့် မကြည့်ရသေးတဲ့သူတွေအတွက် ဇာတ်လမ်းအကြောင်း နည်းနည်းပြောပြလိုက်မယ်နော်။

ဒီဇာတ်ကားထဲမှာ Kdrama ချစ်သူမှန်ရင် မသိသူမရှိတဲ့ မင်းသားလီမင်ဟိုက ကျိကျိတက်ချမ်းသာသလောက် မာနကြီးပြီး bully ကျတတ်တဲ့ သူဌေးသား ဂူဂျွန်ဖြိုးအဖြစ်၊ ကင်ဟွန်ဂျွန်း ကင်ဘန်းနဲ့ ကင်ဂျွန်းတို့က ဂူဂျွန်ဖြိုးရဲ့အပေါင်းအပါ F4 အဖွဲ့ဝင် သူဌေးသား ၃ယောက်အဖြစ် ပါဝင်သရုပ်ဆောင်ထားပါတယ်။ သူတို့မိဘတွေက ကိုရီးယားနိုင်ငံမှာ အင်အားအတောင့်တင်းဆုံး ရှင်ဟွာစီးပွားရေးလုပ်ငန်းစုရဲ့ ထိပ်တန်းရှယ်ယာရှင်တွေပါ။ အပေါဆုံးကပိုက်ဆံ အချောဆုံးကရုပ်ဆိုမှတော့ သူတို့နားမှာ ဝန်းရံသူတွေ ကပ်ဖားရပ်ဖားလုပ်ချင်သူတွေ ဝိုင်းဝိုင်းလည်နေတော့တာပါပဲ။

တစ်ကျောင်းလုံးက F4 F4 ဖြစ်နေပေမယ့် F4တက်တဲ့ကျောင်းကို swimming scholarship နဲ့ ဝင်ခွင့်ရခဲ့သူ ဂမ်ဂျန်ဒီကတော့ အဲဒီ့စောင့်ကြွားကြွား ၄ယောက်ကို လုံးဝကြည့်မရခဲ့ပါဘူး။ F4 ရဲ့ bully ကျချက်ကြောင့် suicide လုပ်လုနီးပါးဖြစ်ခဲ့ရတဲ့ ကျောင်းသားတစ်ယောက်ကို အသက်ကယ်ခဲ့တဲ့ အချိန်ကစပြီး ဂမ်ဂျန်ဒီနဲ့ F4 တစ်ဖက်နဲ့တစ်ဖက် ရန်သူတော်တွေဖြစ်လာကြပါတယ်။ ဂူဂျွန်ဖြိုးနဲ့ အပေါင်းအပါတွေက ဂျန်ဒီရဲ့ ဆင်းရဲတဲ့မိသားစုဘဝကို အညှာကိုင်ပြီး မျိုးစုံအနိုင်ကျင့်ကြသလို မဟုတ်မခံဂျန်ဒီကလည်း လုံးဝခေါင်းငုံ့မခံခဲ့ပါဘူး။

ဒီလိုနဲ့ ချိတ်ချိတ်ချင်း ထပ်ကာထပ်ကာချိတ်ကြရင်း မာနကြီးလှပါချည်ရဲ့ဆိုတဲ့ ဂျွန်ဖြိုးရဲ့နှလုံးသား ဂျန်ဒီ့ဆီယိမ်းယိုင်လာတဲ့အခါ…..

ဆန်းကြယ်လွန်းတဲ့ cupid ရဲ့ မြားချက်တွေက သူတို့နှစ်ယောက်လုံးကို ဘယ်လိုစေစားမလဲဆိုတာ

စောင့်မျှော်ကြည့်ရှု အားပေးလိုက်ကြပါဦးလို့

 

 

File Size : 400 MB (R)

Quality : HD-Rip 1280×720

Running Time : 1hr

Format : Mp4

Subtitle : Myanmar

Review : May Myat Thu

Fix & Encode : Si Thu Htet

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

Similar titles

Broadchurch Season 2 (2015) မြန်မာစာတန်းထိုး
Magic Bottle (2015) မြန်မာစာတန်းထိုး
Victoria (2016) မြန်မာစာတန်းထိုး
Page Turner (2016) မြန်မာစာတန်းထိုး
Vikings TV Series (2013– ) မြန်မာစာတန်းထိုး
Peaky Blinders Season 2 (2014) မြန်မာစာတန်းထိုး
Doctor Strange (2014) မြန်မာစာတန်းထိုး
Big (2012) South Korean Television Series မြန်မာစာတန်းထိုး
The Guest (2018) South Korean Television Series မြန်မာစာတန်းထိုး
Oh My Venus (2015) South Korean television series မြန်မာစာတန်းထိုး
Hymn of Death မြန်မာစာတန်းထိုး
Doraemon: Gadget Cat from the Future (2015) မြန်မာစာတန်းထိုး