Bodyguard Season 1 (2018) မြန်မာစာတန်းထိုး

Bodyguard Season 1 (2018) မြန်မာစာတန်းထိုး

Your rating: 0
9.8 4 votes

Creator

Creator

Cast

Synopsis

Fof ပရိသတ်ကြီးကို BBC series ကောင်းကောင်းလေးတစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ
ဗြိတိန်နိုင်ငံရေးလောကနဲ့ အကြမ်းဖက်မှုခင်းတွေအကြောင်း စိတ်ဝင်စားဖွယ် ကြည့်ရှုလေ့လာရမယ့်အပြင် အင်္ဂလိပ်စာလေ့လာချင်သူတွေလည်း British accent တွေ တစ်ဝကြီးနားထောင်ရမှာပါ
ခေါင်းဆောင်မင်းသား Richard Madden ရဲ့ ချစ်စရာ Scottish accent လေးကလည်း တစ်ပိုင်းကြည့်ပြီးရုံနဲ့ နားထဲစွဲသွားမှာပါ (ဤကား မတ်မတ်တို့အတွက် ကြော်ငြာ :P)
Game of Thrones fan တွေဆိုရင် Richard Madden နဲ့ မစိမ်းလောက်ပါဘူး 😉
နိုင်ငံရေးအခြေခံဇာတ်ကား ဖြစ်ပေမယ့် အပိုင်းတစ်မှာကတည်းက တာထွက်ကောင်းပြီး စိတ်လှုပ်ရှားဖွယ် အဖြစ်အပျက်ကွင်းဆက်တွေနဲ့ ပရိသတ်ကို အဆုံးထိဆွဲဆောင်သွားမှာပါ

ဦးဆုံးသတိပေးလိုတာကတော့ ဒီစီးရီးမှာ သွေးထွက်သံယိုခန်းတွေ၊ အပြာခန်းတွေပါတာမို့ ၁၈ယောက်ပြည့်အောင် စုပြီးမှကြည့်ကြဖို့ပါ

ဇာတ်လမ်းအကျဉ်းကတော့ အာဖဂန်နစ္စတန် စစ်ပြန်တစ်ဦးဖြစ်တဲ့ ဒေးဗစ်ဘက်ဒ်ဟာ စစ်မှုထမ်းကာလအပြီးမှာ ရဲတပ်ဖွဲ့ဝင်ဖြစ်လာခဲ့ပြီး ဗြိတိန်ပြည်ထဲရေးအတွင်းဝန် ဂျူလီယာမွန်တေဂူရဲ့ သက်တော်စောင့် ဖြစ်လာခဲ့ပါတယ်
ဂျူလီယာဟာ လုပ်ဖော်ကိုင်ဖက်တွေအကြား လူ့ခွစာအဖြစ် နာမည်ကြီးသူဖြစ်ပြီး သူမအသက်သွင်းဖို့ ကြိုးစားနေတဲ့ ကာကွယ်ရေးဥပဒေသစ်ကြောင့် ဝေဖန်ပြောဆိုမှုတွေ ခံနေရသူလည်း ဖြစ်ပါတယ်
ရှုပ်ထွေးပွေလီလွန်းတဲ့ နိုင်ငံရေးဇာတ်ခုံပေါ်မှာ တွန်းတွန်းတိုက်တိုက် အပြိုင်အဆိုင်လှုပ်ရှားကြရင်း အစိုးရအဖွဲ့ထဲမှာတင် ဂျူလီယာကို သင်္ကာမကင်းဖြစ်လာသူတွေ၊ အသက်ရန်ရှာသူတွေ ရှိလာတဲ့အခါ…
ခြိမ်းခြောက်မှုပေါင်းစုံကြားကနေ သက်တော်စောင့်ဘက်ဒ်တစ်ယောက် ဂျူလီယာကို ဘယ်လိုကာကွယ်ပေးရမလဲ
သူတို့ရှေ့မှာ ဘယ်လိုထောင်ချောက်တွေက စောင့်ကြိုနေမလဲဆိုတာ
ဇာတ်ကောင်တွေနဲ့အတူ စီးမျောခံစား ကြည့်ရှုအားပေးနိုင်ကြပါပြီခင်ဗျာ

Genre – Crime, Drama, Thriller
IMDb rating – 8.2/10
Total episodes – 6
Runtime – Around 1 hr per episode
Quality – HD 720p
Review by: May Myat Thu
Translated and Encoded by: May Myat Thu

 

Episode 1

OP  GD  Mirror

 

Episode 2

OP  GD  Mirror

 

Episode 3

OP  GD  Mirror

 

Episode 4

OP  GD  Mirror

 

Episode 5

OP  GD  Mirror

 

Episode 6 – Final

OP  GD  Mirror

 

Similar titles

Unstoppable High Kick မြန်မာစာတန်းထိုး
Big (2012) South Korean Television Series မြန်မာစာတန်းထိုး
Voice (Season 3) မြန်မာစာတန်းထိုး
The Guest (2018) South Korean Television Series မြန်မာစာတန်းထိုး
Poldark TV Series (2015– ) မြန်မာစာတန်းထိုး
He is Psychometric မြန်မာစာတန်းထိုး
Class Of Lies (မြန်မာစာတန်းထိုး)
You Are The Best! Lee Soon-Shin (2013) မြန်မာစာတန်းထိုး
Seventeen (2017) မြန်မာစာတန်းထိုး
Cambrian Period (2017) မြန်မာစာတန်းထိုး
Kill Me Heal Me (Drama-2015)TV Series မြန်မာစာတန်းထိုး
Sungkyunkwan Scandal (2010) မြန်မာစာတန်းထိုး