Beautiful World (2019) မြန်မာစာတန်းထိုး

Beautiful World (2019) မြန်မာစာတန်းထိုး

Your rating: 0
10 2 votes

Creator

Creator

Cast

Synopsis

Beautiful world

မနေ့ကညကမှထွက်ရှိခဲ့ပြီး My Dramalist မှာ

8.3ထိရရှိခဲ့တဲ့ကားသစ်လေးနဲ့ မိတ်ဆက်ပေးပါရစေ

အဓိကသရုပ်ဆောင်များအနေနဲ့ကတော့

ကျနော်တို့နဲ့လုံးဝမစိမ်းတဲ့သူတွေပါပဲ

Come and Hug Me ထဲက Nam Da Reum

Miracle That We Met ထဲက Kim Hwam Hee

တရုတ်နိုင်ငံမှာ လူသိများထင်ရှားပြီး

ပုဂံမှာ လာရိုက်သွားတဲ့ Legends Of Dance ထဲက

မင်းသမီးချော Choo Ja Hyun

( သူမရဲ့ ပထမဆုံးပြန်ရိုက်တဲ့ကိုရီးယားကားပါ )

Duel ထဲကမင်းသားကြီး Park Hee Soon

The Vineyard Man ( ဒိုးဒိုးဒေါက်ဒေါက် ဘုနဲ့ဘောက် )

ထဲက မင်းသားကြီး Oh Man Suk အပြင်

Divorce Lawyer In Law ထဲက မင်းသမီး Jo Yeo Jung

အစရှိတဲ့ ဝါရင့်နာမည်ကြီးသရုပ်ဆောင်များကပါဝင်ထားပါတယ်

>>> ဇာတ်လမ်းအကျဉ်း <<<

ပျော်ရွှင်စရာကောင်းတဲ့မိသားစုလေး အဖေဖြစ်သူက ကျောင်းဆရာ

အမေဖြစ်သူက ပေါင်မုန့် ဆိုင်ကြီးဖွင့်ထားတယ်

အမေကိုအရမ်းချစ်တဲ့သားလေး ဆန်းဟို နဲ့

အဖေကိုအရမ်းချစ်တဲ့သမီးလေးဆိုးဟို ဆိုတဲ့

မောင်နှမ နှစ်ယောက်နဲ့ သာယာနာပျော်ဖွယ်အိမ်လေး…

အမေဖြစ်သူက သားသမီးတွေကို ပညာရေးမှာ ထူးချွန်စေချင်စိတ်နဲ့

လူချမ်းသာ ရပ်ကွပ်ထဲပြောင်းပြီး နာမည်ကြီးကျောင်းမှာ

ကျောင်းထားပေးခဲ့တယ် အမေဖြစ်သူ အပင်ပန်းခံပြီး

ထားပေးတာကိုသိတဲ့သားလိမ္မာလေးက စာကိုကြိုးစားခဲ့တယ်

အစပိုင်းမှာ အဆင့်တွေကောင်းခဲ့ပေမယ့် နောက်ပိုင်းမှာ

သိသိသာသာကျလာတဲ့အမှတ်တွေကို ကြည့်ပြီး

အဖေ နဲ့ အမေဖြစ်သူကစိတ်ဓာတ်မကျပဲ

ကြိုးစားအားပေးတတ်တဲ့မိဘမျိုး

တစ်နေ့လကျတ်မယ့်နေ့  ကြိုကြေငြာထားလို့

သားမိသားဖ ၄ယောက်လုံး ညကျကြည့်ဖို့အားခဲထားကြတယ်

အဲ့ညမှာ နောက်ကျနေပေမယ့် ဆန်းဟိုတယောက်

အိမ်ကိုပြန်မရောက်လာခဲ့တော့ဘူး အမေဖြစ်သူက

ဖုန်းဆက်ပေမယ့် မကိုင်ခဲ့ဘူး မထင်မှတ်ထားတဲ့နံပါတ်တစ်ခုက

ဆိုးဟို တယောက်ကျောင်းခေါင်မိုးက

ခုန်ချခဲ့တယ်ဖုန်းဆက်လာတယ် မဖြစ်နိုင်တာ

မနက်ကမှရယ်မောပြီး လကြတ်တာကို ကြည့်ဖို

ပြောနေကြသေးတာ ရဲတွေက စုံစမ်းပေမယ့်

ကျောင်းကလဲနာမည်ပျက်မှာဆိုးလို့ ဖုံးဖိကြတယ်

ကျောင်းသားတွေကလဲ ဝမ်းမနည်းကျ ဘာအသံမှတောင်မထွက်

ကိုယ့်ကိုကိုယ် သတ်သေတယ်ဆိုပြီးအမှုပိတ်ဖို့ဖြစ်လာခဲ့တယ်

တကယ်ပဲ ဆိုးဟိုဟာ ကျောင်းစာတွေကြောင့် သတ်သေခဲ့တာလား

ကျောင်းတွင်းအနိုင်ကျင့်မှုတွေရဲ့သားကောင် ဖြစ်ခဲ့လားဆိုတာတော့..

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

Similar titles

Potato Star 2013QR3 အာလူး​လေးရဲ့ကိုကို ? ( မြန်မာစာတန်းထိုး)
You Are The Best! Lee Soon-Shin (2013) မြန်မာစာတန်းထိုး
Bad PaPa (2018) Korea TV Series မြန်မာစာတန်းထိုး
Marry Me Now? …..(ချစ်ခွင့်ပန်ကြား ချစ်စကား) (မြန်မာစာတန်းထိုး)
Welcome To Waikiki (Season 2) မြန်မာစာတန်းထိုး
Reply 1988 South Korean television series မြန်မာစာတန်းထိုး
Big (2012) South Korean Television Series မြန်မာစာတန်းထိုး
Doctor Strange (2014) မြန်မာစာတန်းထိုး
A Pledge to God မြန်မာစာတန်းထိုး
My Father is Strange (Drama – 2017) (မတည့်အတူနေ မိသားစု) TV Series မြန်မာစာတန်းထိုး