Zero (2018) မြန်မာစာတန်းထိုး

Zero (2018) မြန်မာစာတန်းထိုး

Your rating: 0
8.4 5 votes
what going on?

Synopsis

ဇာတ်ကားဟာ ၂၀၁၈ ခုနှစ် ဘောလီးဝုဒ်လောကရဲ့ အမျှော်လင့်ခံရဆုံး ဇာတ်ကားတွေပါဘဲ။ ဒါတင်မကသေးဘဲ ကမ္ဘာတဝန်းက SRK ပရိသတ် သန်းပေါင်းများစွာအတွက်လည်း ဒီဇာတ်ကားဟာ ၂၀၁၈ အတွင်း SRK ရဲ့ တစ်ခုတည်းသော ဇာတ်ကားဖြစ်တာမို့ ပိုပြီးတောင် မျှော်လင့်နေကြတာဖြစ်ပါတယ်။

ဒါ့အပြင် နိုဝင်ဘာ ၂ရက်နေ့ SRK မွေးနေ့မှာ ထွက်ရှိခဲ့တဲ့ Trailer ဟာလည်း စံချိန်တွေတင်နိုင်ခဲ့တာ ကြည့်ခြင်းအားဖြင့် ပရိသတ်တွေ ဘယ်လိုတောင် မျှော်လင့်နေလဲဆိုတာ သိနိုင်ပါတယ်။ ပထမ ၂၄ နာရီတည်းနဲ့တင် ၅၄ သန်းအထိ ကြည့်ရှုခဲ့ကြပြီး ၄ ရက်အတွင်း သန်း ၁၀၀ ကျော်သွားခဲ့တာဖြစ်ပါတယ်။ ဒါဟာ အိန္ဒိယရုပ်ရှင်လောကအတွက်တော့ ၉၆ နာရီအတွင်း ပရိသတ်ကြည့်ရှုမှုအများဆုံး Trailer လည်းဖြစ်ခဲ့ပါတယ်။

Zero ဇာတ်ကားမှာတော့ SRK ရယ် Katrina ရယ် Anushka တို့က အဓိကထား သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ ဒီဇာတ်ကားမှာတော့ SRK ဟာ လူပုလေး (Dwarf || Midget) တစ်ယောက်အနေနဲ့ သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ ဒါဟာ အိန္ဒိယရုပ်ရှင်လောကနဲ့ ကမ္ဘာ့ရုပ်ရှင်လောကမှာတော့ အဆန်းတစ်ဖွယ်ပုံစံ မဟုတ်ပါဘူး။ ဒိအရင်ကလည်း ဘောလီးဝုဒ်ရော ဟောလီးဝုဒ်မှာပါ ဒီလိုနည်းပညာနဲ့ရိုက်ထားတဲ့ ရုပ်ရှင်တွေရှိပြီးသားမို့ပါဘဲ။

အောက်တိုဘာလ ၃၁ ရက်နေ့ ညနေပိုင်းမှာလည်း အိန္ဒိယနာမည်ကြီး ဂျာနယ်လစ်တစ်ချို့ကို Zero Trailer Private Screening ပြသခဲ့ရာမှာတော့ မထင်မှတ်တဲ့ Review တွေဟာ ကောင်းတဲ့ဖက်ကို ဦးတည်နေတာ တွေ့ရပါတယ်။ ဒါတင်ဘဲလားဆိုတော့ မဟုတ်ဘဲ Aamir Khan ကလည်း သူ့ Tweeter ကနေ ဒီ Trailer ကိုကြည့်ပြီးပြီးချင်းဘဲ ချီးမွန်းစကားဆိုထားပြန်ပါတယ်။

ဒီလအစောပိုင်းမှာထွက်ရှိခဲ့တဲ့ Soundtrack ဟာလည်း မြန်မာပရိသတ်သာမက ကမ္ဘာတဝန်းကပရိသတ်အားလုံးရဲ့ ရင်ထဲစိမ့်ဝင်သွားခဲ့တာ တွေ့ရပါတယ်။ Hype ပြီးရင်း Hype ပေါ့ဗျာ။

ဒီဇာတ်ကားရဲ့ ဒါရိုက်တာဟာ Aanand L.Rai ဘဲဖြစ်ပါတယ်။ Aanand ဟာ မြန်မာပရိသတ်တွေနဲ့တော့ စိမ်းသလိုဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ Aanand ဟာ ဒီမတိုင်ခင်မှာ Tanu Weds Manu ဇာတ်ကားကို ဒါရိုက်တာလုပ်ခဲ့သလို Tanu Weds Manu Returns နဲ့ ကမ္ဘာတဝန်းမှာအောင်မြင်ခဲ့တဲ့ Newton တို့ကို Producer အဖြစ် ပံ့ပိုးခဲ့သူလည်းဖြစ်ပါတယ်။

တခြားဇာတ်ကားတွေမှာ ပါဝင်ခဲ့ပေမယ့် သူ့အနေနဲ့ SRK နဲ့လက်တွဲခဲ့တာကတော့ ပထမဆုံးအကြိမ်ဖြစ်သလို ဒီလိုတာဝန်ကြီးကိုယူခဲ့တာဟာလည်း သူ့အတွက် ကြီးလေးတဲ့ ခြေလှမ်းကြီးကိုလှမ်းလိုက်တာလို့တော့ ဝေဖန်သံတွေ ထွက်နေခဲ့သူပါ။ ဒီဝေဖန်သံတွေဟာတော့ ပထမ Trailer နဲ့တင် တိတ်သင့်သလောက် တိတ်သွားခဲ့ပါပြီလို့လည်း ဆိုနိုင်ပါတယ်။ ဒါပေမယ့် တာဝန်ကြီးကို တကယ်ဘဲ ကျေခဲ့သလားဆိုတာကတော့ ပိတ်ကားထက်မှာဘဲ စောင့်ကြည့်ရပါလိမ့်မယ်။

ဒါ့အပြင် Zero ဇာတ်ကားမှာ နာမည်ကြီးသရုပ်ဆောင်တချို့ရဲ့ Cameo ကိုလည်းတွေ့ရှိရမှာဖြစ်ပါတယ်။ Salman Khan ရဲ့ စပယ်ရှယ် Cameo အပြင် ဒီနှစ်အစောပိုင်းမှာ ကွယ်လွန်သွားပြီဖြစ်တဲ့ မင်းသမီးကြီး Sridevi (စရိဒေဝီ) ရဲ့ Cameo လည်းပါဝင်လာအုန်းမှာဖြစ်ပါတယ်။ ဒါဟာ သူမရဲ့ နောက်ဆုံးဇာတ်ကားလည်းဖြစ်သွားခဲ့ပါတယ်။ ဒါ့အပြင် Abhay Deol နဲ့ Madhavan တို့ကလည်း Cameo တွေနဲ့ အားဖြည့်ပေးအုန်းမယ်လို့သိရပါတယ်။ ဒါတင်မကသေးဘဲ ကာဂျိုးလ် – ရာနီးမူကဂျီ – Alia Bhatt နဲ့ Deepika Padukone တို့ကလည်း Special Appearance တွေလုပ်ထားပါသေးတယ်။

ဒီဇာတ်ကားဖန်တီးမှုကို ၂၀၁၆ ကတည်းကစခဲ့ပြီး ဒီနှစ် အစောပိုင်းမှသာ ပြီးဆုံးခဲ့တာတွေ့ရပါတယ်။ ဖန်တီးရာမှာ ဒေါ်လာ သန်း ၂၀ နီးပါးကုန်ကျခဲ့တာလည်းသိရပါတယ်။ ဒါပေမယ့် ရုံတင်မယ့် ဒီဇင်ဘာ ၂၁ ရက်နေ့ဟာ Aquaman ဇာတ်ကားရဲ့ တကမ္ဘာလုံးဖြန့်ချီမယ့်ရက်နဲ့ တိုက်နေတာမို့ အဖွင့်ရက်တွေဟာ လှပပါ့မလားလို့ မေးခွန်းထုတ်စရာဖြစ်နေပါတယ်။ ဒါဟာလည်း စောင့်ကြည့်စရာပါဘဲ။

ဇာတ်လမ်းထဲမှာတော့ မီရွတ်ပြည်နယ်က Bauua Singh (SRK) ဆိုတဲ့လူပုလေးဟာ အိမ်ထောင်ဖက်ရှာဖွေရာမှာ အခက်ကြုံနေသူဖြစ်ပါတယ်။ ဒါပေမယ့် အိမ်ထောင်ဖက်ရှာဖွေရေး အေဂျင်စီမှာ Register လုပ်လိုက်တဲ့အခါမှာတော့ Aafia Bhinder (Anushka) ဆိုတဲ့ နာဆာက သိပ္ပံပညာရှင်ကောင်မလေးကို ကြိုက်မိသွားပါတော့တယ်။ Anushka ဟာလည်း ဒီဇာတ်ကားမှာ အောက်ပိုင်းမသန်သူအဖြစ် ဝှီးချဲပေါ်ကနေ သရုပ်ဆောင်ထားပါတယ်။ ဒါပေမယ့် Babita (Katrina) တစ်ယောက် Bauua ဘဝထဲဝင်လာတဲ့အခါမှာတော့ …… ။

မသန်မစွမ်းနှစ်ယောက်ပါတဲ့ ဒီသုံးပွင့်ဆိုင်ဇာတ်လမ်းဟာ ဘယ်ဖက်ကို ဦးတည်မလဲဆိုတာကိုတော့ ၂၁ ရက်နေ့မှာသာ ငွေရောင်ပိတ်ကားထက်မှာ ကြည့်ရှုခံစားကြပါလို့ တိုက်တွန်းလိုက်ရပါတယ်။

File Size : 894 MB

Quality : WEB-DL 1280×544

Running Time : 2hr 44min

Format : Mp4

Subtitle : Myanmar

Review : Yaza

Translate : MGZ

Encode : SH

Director

Director

Cast

Similar titles

Ready Player One (2018) မြန်မာစာတန်းထိုး
Life of a King (2013) မြန်မာစာတန်းထိုး
Enthiran (2010) ) မြန်မာစာတန်းထိုး
Brawl In Cell Block 99 (2017) မြန်မာစာတန်းထိုး
The Game Changer (2017) မြန်မာစာတန်းထိုး
Mulk (2018) မြန်မာစာတန်းထိုး
The Martian (2015) မြန်မာစာတန်းထိုး
Shadow Effect (2017) မြန်မာစာတန်းထိုး
Desamuduru မြန်မာစာတန်းထိုး
Refugee (2000) မြန်မာစာတန်းထိုး
Unbroken: Path To Redemption (2018) မြန်မာစာတန်းထိုး
Evaru (2019) မြန်မာစာတန်းထိုး