Widows (2018) မြန်မာစာတန်းထိုး

Widows (2018) မြန်မာစာတန်းထိုး

Your rating: 0
0 0 votes
what going on?

Synopsis

ဒီဇာတ်ကားဒေါင်းမယ့်သူတွေကို အရင်ဆုံးပြောချင်တာက နာမည်ကြီးမင်းသားတွေ ပါတာမှန်ပေမယ့် leading role က သူတို့မဟုတ်ပါဘူးလို့ ။
ဇာတ်ကားနာမည်က widows ဆိုတဲ့အတိုင်း မတူညီတဲ့ ဘ၀ဇာတ်ခုံအသီးသီးက မုဆိုးမအမျိုးသမီးလေးယောက်ရဲ့ ရှင်သန်လှုပ်ရှားရပ်တည်ပုံတွေကို ရိုက်ကူးပုံဖော်တင်ဆက်ထားတဲ့ Mystery, Drama ဇာတ်ကားပါ။

ဒါပေမယ့် ဒီလိုပြောလို့ စိတ်မပျက်သွားပါနဲ့။ မင်းသမီးတွေကလည်း Viola Davis, Michelle Rodriguez, Elizabeth Debicki နဲ့ Cynthia Erivo ဆိုတော့ ခေသူမဟုတ်တွေပါနော့။
သူတို့လေးယောက်ကို စုံစည်းစေခဲ့တဲ့ အကြောင်းအရင်းက ရှီကာဂိုမြို့ နယ်မြေ ၁၈ရဲ့ မြို့တော်ကောင်စီဝင် ရွေးကောက်ပွဲလို့ ပြောရမှာပါပဲ။ ဒီရွေးကောက်ပွဲမှာ အဓိကပြိုင်ဘက်တွေက ဂျက်မူလီဂန်နဲ့ ဂျမဲလ်မန်းနင်းပါ။

ဂျက်မူလီဂန် (Colin Farrell) က ဆွေကြီးမျိုးကြီး လူဖြူအသိုင်းအ၀ိုင်းက လာတာဖြစ်ပြီး ဂျမဲလ်မန်းနင်း (Brian Tyree Henry) ကတော့ အာဖရိကန်-အမေရိကန် ကိုယ်စားလှယ်လောင်းတစ်ယောက်ပါ။
နယ်မြေ ၁၈ကို မူလီဂန်မိသားစု အုပ်စိုးလာတာ နှစ် ၆၀ကျော်သွားခဲ့ပေမယ့် ဂျမဲလ်မန်းနင်းလက်ထက်ကျမှ ထောက်ခံသူအရေအတွက် မတိမ်းမယိမ်း ဖြစ်နေတာကြောင့် ရွေးကောက်ပွဲမ၀င်ဘဲ နောက်ဆုတ်ပေးဖို့ ဂျက်မူလီဂန်ဘက်က ညှိနှိုင်းခဲ့ပါတယ်။ ဒါပေမယ့် လူမဲအသိုင်းအ၀ိုင်းမှာ သြဇာလွှမ်းတဲ့ ဂျမဲလ်ကလည်း ရည်မှန်းချက်ကြီးသူပီပီ အလျှော့မပေးခဲ့ပါဘူး။

ဂျမဲလ်ရဲ့ရုံးခန်းထဲကနေ ဂျက်ပြန်ထွက်သွားပြီး သိပ်မကြာခင်မှာပဲ မထင်မှတ်ထားတဲ့ သတင်းဆိုးတစ်ခု ရောက်လာခဲ့ပါတယ်။ အဲဒါကတော့ ဂျမဲလ်ရဲ့ မဲဆွယ်ကမ်ပိန်းအတွက် ရည်ရွယ်ထားတဲ့ရံပုံငွေတွေ ညတွင်းချင်း ခိုးယူခံခဲ့ရပြီး ရဲတပ်ဖွဲ့ရဲ့ အကြမ်းဖက်နှိမ်နင်းမှုကြောင့် သူခိုးတွေရော ရန်ပုံငွေသယ်လာတဲ့ကားပါ မီးလောင်ပျက်စီးသွားပြီ ဆိုတဲ့သတင်းပါပဲ။

နေ့ချင်းညချင်း ရွှေတောင်ကြီးပြိုသွားသလို ခံစားလိုက်ရတဲ့ ဂျမဲလ်မန်းနင်းတစ်ယောက် သူဆုံးရှုံးလိုက်ရတဲ့ ရန်ပုံငွေတွေပြန်ရဖို့ ခိုးမှုတရားခံတွေရဲ့ ကျန်ရစ်သူဇနီးတွေကို လိုက်လံခြိမ်းခြောက်တဲ့အခါ…..
အကူအညီမဲ့နေတဲ့ မုဆိုးမလေးယောက်လည်း ယောက်ျားသားတွေချန်ခဲ့တဲ့ အကြပ်အတည်းကလွတ်မြောက်ဖို့ အချင်းချင်းပူးပေါင်းပြီး နည်းလမ်းရှာကြပါတော့တယ်။

Widows ဇာတ်ကားဟာ အခုချိန်ထိ IMDb rating 7.3/10, Tomatometer 91% ရရှိထားတာကြောင့် ကြည့်ရတန်တဲ့ကားတစ်ကား ဖြစ်လာမှာပါ။ ဒါရိုက်တာ Steve McQueen ရိုက်ကူးပြီး အဓိကဇာတ်ဆောင် ၆ယောက်အပြင် Daniel Kaluuya, Liam Neeson, John Bernthal နဲ့ Jacki Weaver တို့လို နာမည်ကျော်သရုပ်ဆောင် အများအပြား ပါဝင်အားဖြည့်ထားပါတယ်။

File Size : 849 MB

Quality : WEB-DL 1280×544

Running Time : 2hr 10min

Format : Mp4

Subtitle : Myanmar

Review : May Myat Thu

Translate : FOF family

Encode : SH

Director

Director

Cast

Similar titles

Basic Instinct (1992) မြန်မာစာတန်းထိုး (၁၈+)
The Spy Gone North မြန်မာစာတန်းထိုး
Beasts Clawing At Straws (2020) မြန်မာစာတန်းထိုး
Rocky II (1979)  မြန်မာစာတန်းထိုး
On Fallen Wings (2017) မြန်မာစာတန်းထိုး
Jhalki (2019) မြန်မာစာတန်းထိုး
Megan Leavey (2017) မြန်မာစာတန်းထိုး
Maximum Risk (1996) မြန်မာစာတန်းထိုး
Akira (2016) Blu-ray 5.1CH မြန်မာစာတန်းထိုး
Sarkar (2005) မြန်မာစာတန်းထိုး
The Dark Knight (2008) မြန်မာစာတန်းထိုး
Ben Is Back (2018) မြန်မာစာတန်းထိုး