Thupparivaalan (2017) မြန်မာစာတန်းထိုး

Thupparivaalan (2017) မြန်မာစာတန်းထိုး

Your rating: 0
5 3 votes
what going on?

Synopsis

Thupparivaalan (2017) မြန်မာစာတန်းထိုး

ဒီကားလေးက

ကြည့်ဖူးနေကျ တေလဂူကားတွေနဲ့ 

လုံးဝကွဲထွက်နေတဲ့ မင်းသားချော Vishal ရဲ့

Mysteryဆန်တဲ့ကားလေး

ရှင်းရှင်းပြောရရင် စုံထောက်ကြီးရှားလော့ဟုမ်းကို

ကြိုက်ခဲ့လို့ လား မသိ

တေလဂူ စုံထောက်ကားကို

အရသာတွေ့ နေမိတယ်

ညွှန်းတယ်လို့ ပဲ ဆိုဆို

ဒီကားက တေလဂူ(ကောလိဝုဒ်)မဆန်ဆုံးကားလို့ ပြောချင်တယ်

တေလဂူမဆန်ဘူးဆိုလို့ တစ်ခြားပြောတာ မဟုတ်ပါ

သီချင်းတွေလုံးဝမပါတာ

စကားတွေအများကြီး မပြောတာ

ဇာတ်လမ်း အရမ်းကြီးမရှည်တာတွေကို ပြောတာပါ

မင်းသားကလည်း နာမည်ကြီး မင်းသား

အရင်ဇာတ်ရုပ်တွေနဲ့ လုံးဝကို မတူပဲ

တစ်ခေတ်ဆန်းထားတဲ့ကားလို့ ပဲ ဆိုချင်တယ်

ဇာတ်ကြောင်းက…

အလွတ်စုံထောက်တစ်ယောက်

အမှုလိုက်စရာမရှိလို့ ငြီးတွားနေရာက စပါတယ်

လာအပ်တဲ့အမှုတွေကလည်း

သာမာန်အမှုတွေမို့ သူ့ အတွက် ပျင်းဖို့ ကောင်းနေတာပေါ့

ပျင်းရင် စောင်ခြုံအိပ်လိုက်

စာအုပ်တွေဖတ်လိုက်နဲ့ 

မာနကြီးပြီး စကားတွေအများကြီးမပြောတတ်တဲ့

ဂွတီးဂွကျ စုံထောက်ပေါ့

အမှုမရှိချင်နေ..ပိုက်ဆံတွေ ဘယ်လောက်ပုံပေးပါစေ

သူစိတ်မပါရင်

သူ့ စိတ်ထဲက အာသီသမှမရှိရင်

ဘယ်အမှုကိုမှ လက်မခံတတ်တဲ့ ခေါင်းမာတဲ့စုံထောက်နာမည်က

ကာနီယန်းတဲ့

တစ်နေ့ တော့ သူတို့ မြို့ လေးရဲ့ ပင်လယ်ကမ်းခြေနားမှာနေတဲ့ကောင်လေး တစ်ယောက်

သူ့ ဆီကို အမှုတစ်ခုလာအပ်တယ်

အမှုကကောင်လေး မွေးထားတဲ့ခွေးလေး ပျောက်ဆုံးတဲ့အမှု

ကောင်လေးနာမည်က နဗီးတဲ့

အမှုကိုကြားလိုက်တာနဲ့ ရယ်ချင်စရာကောင်းပေမယ်

အကြောင်းစုံသိလိုက်ရတဲ့အခါ

ဆန်းကြယ်တဲ့အမှုတစ်ခု ဖြစ်နေမှန်း သိလိုက်ရတယ်

ဒါနဲ့ အဲ့ဒီခွေးပျောက်တဲ့အမှုကို လက်ခံပြီး

စစုံစမ်းတော့

မထင်မှတ်တာတွေ ထူးဆန်းတဲ့ သဲလွန်စတွေကို အမှတ်မထင် တွေ့လာတော့တယ်

ခွေးဟာ ရိုးရိုးပျောက်တာ မဟုတ်

သေနတ်မှန်လို့ သေသွားတာ

ခွေးရဲ့အစာအိမ်ထဲမှာ ကျန်ခဲ့တဲ့ သေနတ်ကျည်ဆန်ကို သုံးပြီး

အမှုကို ဆက်တိုက်လိုက်ကြည့်တဲ့အခါ

ဒီကျည်ဆန်ရဲ့နောက်ကွယ်မှာ

နိုင်ငံဖြတ်ကျော် ကြေးစား လူသတ်မှုတွေ

ဒုဒရိုက်လောကနဲ့ ဆက်နွယ်နေတဲ့ လာဘ်စားတဲ့ ရဲဝန်ထမ်းတွေပါ ပါနေတယ်ဆိုတာ

တဖြည်းဖြည်း သိလာတဲ့အခါ..

တဖြည်းဖြည်းချင်း

အသက်ရှူမှားအောင် ဆွဲခေါ်သွားမယ်

ကြည့်ရှုသူကို အလကားထိုင်မနေစေပဲ

ဘာဆက်ဖြစ်မလဲဆိုပြီး ပရိတ်သတ်ကို

မေးခွန်းပြန်ထုတ်တဲ့ကား

ကျွန်တော်ဆက်ပြောနေရင်

Spoil သလိုဖြစ်နေမှာစိုးလို့ 

ကိုယ်တိုင်ပဲ ဒေါင်းပြီး ကြည့်လိုက်ပါတော့လို့ …

 

 

Director

Director

Cast

Similar titles

Traitor (2008) မြန်မာစာတန်းထိုး
Robin Hood မြန်မာစာတန်းထိုး
The Fate of the Furious (2017) မြန်မာစာတန်းထိုး
Lucy (2014)(18+) မြန်မာစာတန်းထိုး
So Close (2002) မြန်မာစာတန်းထိုး
Confession (2014) မြန်မာစာတန်းထိုး
Deep Trap (2015) မြန်မာစာတန်းထိုး
Truth or Dare (2018) မြန်မာစာတန်းထိုး
A Better Tomorrow (1986) မြန်မာစာတန်းထိုး
The Assent (2019) မြန်မာစာတန်းထိုး
Coherence (2013) မြန်မာစာတန်းထိုး
Furie (2019) မြန်မာစာတန်းထိုး