The Piper (2015) မြန်​မာစာတန်းထိုး

The Piper (2015) မြန်​မာစာတန်းထိုး

Your rating: 0
0 0 votes
what going on?

Synopsis

The piper(손님) မြန်​မာစာတန်းထိုး

IMDb – 6.3/10

Release Date – July 9, 2015

Type – Fantasy, Mystery

Time – 2h 59min

Piperဆိုရင်​ ၆တန်း​ကျောင်းသားဘဝက Eng သင်​ခန်းစာတစ်​ခုကို သတိရကြမှာပါ… ဒီ Piper ဇာတ်​ကား​လေးမှာဆိုရင်​ဖြင့်​ ကျွန်​မတို့ ရင်းနှီးကျွမ်းဝင်​ပြီးသားဖြစ်​တဲ့ ဇာတ်​​ကြောင်း​လေးကို စစ်​ပြီး​ခေတ်​ကာလရဲ့ပုံရိပ်​များနဲ့အတူ ပြန်​လည်​ ​တွေ့မြင်​ခံစားရမှာပဲဖြစ်​ပါတယ်​။

ဒီဇာတ်​ကားမှာဆိုရင်​ သားအဖနှစ်​​ယောက်​ရဲ့ ဆိုလ်းမြို့ဆီသို့ခရီးက​နေ အစပြုပါတယ်​…. Woo Ryong(Ryu Seung Ryong) လို့အမည်​ရတဲ့ ပု​လွေသမားဟာ သူ့ရဲ့ ​နေမ​ကောင်းဖြစ်​​နေတဲ့သား​လေး Young Nam(Goo seung Hyeon) ကို ​ဆေးကုဖို့ Seoul မြို့ဆီ ခရီးထွက်​ခဲ့ပါတယ်​… ​တစ်​​နေ့ သူတို့ဟာ အမည်​မဲ့ရွာတစ်​ရွာဆီ ​ရောက်​ခဲ့ပါ​တော့တယ်​ … ​လူ​ခြေကင်းမဲ့​နေတဲ့ ​တောထဲက တစ်​သီးတခြားရွာ​လေးဟာ ပြင်​ပ​လောကနဲ့အဆက်​အသွယ်​ပြတ်​​နေခဲ့ပြီး နတ်​အယူအဆ အချို့ပါ လွှမ်းမိုး​နေခဲ့ပါ​သေးတယ်​… သူတို့ဆီမှာ အ​ကြောက်​တရားအချို့ ဖုံးလွှမ်း​နေပါ​သေးတယ်​… ဒါက​တော့ ​ရာ​ပေါင်းများစွာ​သော ကြွက်​​တွေ​ကြောင့်​ပါ… ရွာသူကြီး ဖြစ်​သူက ကြွက်​​တွေကို နှိမ်​နင်း​ပေးရင်​ ပိုက်​ဆံ​ပေးပါ့မယ်​လို့ Woo Ryong ကိုကတိ​ပေးခဲ့ပါတယ်​… Woo Ryong ဟာ ပိုက်​ဆံကိုမမက်​​မောဘဲ ကြွက်​​တွေကို​ သူ့ရဲ့ ထူးခြားတဲ့ပု​လွေသံနဲ့ အ​ဝေးတစ်​​နေရာဆီ ​ခေါ်​ဆောင်​​ပေးခဲ့ပါတယ်​။ Woo Ryong တစ်​​ယောက်​ ရွာသူ​လေးတစ်​​ယောက်​ဖြစ်​တဲ့ Mi sook (Chun Woo Hee) ကို သ​ဘောကျမိတဲ့အခါမှု​တော့ အ​ခြေအ​နေ​တွေကွဲပြားသွားပါ​တော့တယ်​။

ပိုက်​ဆံ​ပေးမယ်​ဆိုတဲ့ ရွာသူကြီးက သူ့ရဲ့ကတိကို ချိုး​ဖောက်​ခဲ့ပြီး Woo Ryong အ​​ပေါ်အ​ကောက်​ကြံခဲ့ပါတယ်

အကျိုးဆက်​အ​နေနဲ့ Woo Ryong ဟာသူ့ရဲ့အဖိုးတန်​သား​လေးကို ဆုံးရှူံးခဲ့ရပါတယ်​…

အဲ့​နောက်​ပိုင်း Woo Ryong ဟာ သူ့ရဲ့အမုန်းတရား​တွေအတွက်​ ဘယ်​လို လက်​စား​ချေမလဲ?

ရာ​ပေါင်းများစွာ​သော ကြွက်​​တွေရဲ့သမိုင်း​ကြောင်းကဘာလဲ?

အမည်မဲ့​ရွာရဲ့ သမိုင်း​ကြောင်းနဲ့ ရွာသူကြီးရဲ့သမိုင်းက ဘယ်​လိုဖြစ်​မလဲ?

ဒါ​တွေကို စိတ်​ဝင်​စားဖွယ်​ရှုစားရမယ့်​အပြင်​ သားအဖနှစ်​​ယောက်​ရဲ့ အပြန်​အလှန်​​မေတ္တာ လူသား​တွေရဲ့ ​လောဘ ​ဒေါသ​တွေကိုပါ ကြည့်​ရှုရမှာဖြစ်​ပါတယ်​…။

Review by : Hlaing Yamon Phoo

Translated – May Pwint Phyu

Encoded by Win Kyaw Thu

 

Director

Director

Cast

Similar titles

Dracula Untold (2014) မြန်မာစာတန်းထိုး
The Furies (2019) မြန်မာစာတန်းထိုး
Brightburn (2019) မြန်မာစာတန်းထိုး
Cyber Bride (2019) မြန်မာစာတန်းထိုး
Alien: Covenant (2017) မြန်မာစာတန်းထိုး
The Thing (2011) မြန်မာစာတန်းထိုး
The Twins Effect (2003) မြန်မာစာတန်းထိုး
Truth or Dare (2018) မြန်မာစာတန်းထိုး
Crawl (2019) မြန်မာစာတန်းထိုး
Unhinged (2017) မြန်မာစာတန်းထိုး
Revenge (2017) မြန်မာစာတန်းထိုး (18+)
Demonic Beauty (2002) မြန်မာစာတန်းထိုး