The Mad Monk (1993) မြန်မာစာတန်းထိုး

The Mad Monk (1993) မြန်မာစာတန်းထိုး

Your rating: 0
0 0 votes
what going on?

Synopsis

ဒီအပတ်တင်ဆက်ပေးမယ် စတီဗင်ချောင် ကားအသစ်လေးကတော့

29/7/1993 ကထွက်ရှိထားတဲ့ The Mad Monk ဇာတ်ကားလေးပါ ဒီဇာတ်ကားလေးက comedy အမျိုးအစား ဖြစ်ပြီး ဒါရိုက်တာJohnnie To Kei-Fung ကရိုက်ကူးပေးထားတာပါ

ထုံးစံတိုင်းနာမည်ကြီး Stephen Chow Movie Collection Myanmar (Sc Channel) နဲ့FOF ပူးပေါင်းတင်ဆက်လိုက်ပါတယ်

အကျော်အမော်တွေကို ခေတ်သရုပ် ဖော်ရင်း သရော်နေကြဖြစ်တဲ့ စတီဗင်ချောင်ကတော့ အခုအခါမှာ ဆင်းရဲသားတွေကို ကူညီပြီး တရားမျှ တရေးမှာ မားမားမတ်မတ် ရပ်တည်ခဲ့တဲ့ တန်ခိုးရှိ တရုတ် သမိုင်းဝင်  “ကျိကုန်း”Ji Gong ဘုန်းကြီးအကြောင်း ကို အခြေခံကာ သရော်ထားပါတော့တယ်။

ချစ်စရာ မျက်နှာသွယ် လေးနဲ့ မင်းသမီး Maggie Cheung ကသရုပ်ဆောင်ထားပြီး စတီဗင်ချောင်နဲ့ The Banquet (1991),Alls Well Ends Well (1992/1997) တို့မှာလဲ တွဲဖက်သရုပ်ဆောင်ဖူးပါတယ်။ တစ်နည်းအားဖြင့် ဂျက်ကီချန်း ရဲ့ အချစ်တော်လေးပေါ့။😛 Police Story ဆိုတာနဲ့ ဂျက်ကီချန်းအပေါ်စိတ်အရှည်ဆုံး မင်းသမီး လေး Maggie Cheungပဲ မြင်မိတယ်။💗

Movie Plot…

ကောင်းကင်ဘုံမှာ သူ့စိတ်တိုင်းအကျ မွှေနှောက်လိုက် တဲ့ နဂါးသူရဲကောင်း Lo Han ဖြစ်တဲ့ စတီဗင်ချောင်ကို နတ်များစွာက တိုင်တန်းလာပါတော့တယ်။ နတ်တစ်ပါးချင်းစီရဲ့မတရားမှု၊‌ပေါဆမှု တွေကို တရားကျအောင် ပြုပြင်လိုက်တဲ့ နဂါးသူရဲကောင်းကို ပြစ်ဒဏ်ချဖို့ …

ကွမ်ရင် မယ်တော် သည် Lo Han ကို လူ့ပြည့်သို့ ကျိကုန်း အဖြစ်စေလွှတ်ပါတော့တယ်။လူ့ပြည်မှာရှိတဲ့ ကိုးဘ၀ကြာဖျာသည်မ၊ကိုးဘ၀ကြာသူတောင်းစား နှင့် ကိုးဘ၀ကြာ လူဆိုး တို့ကို ဂရုဏာ၊‌မေတ္တာ ချ၍ အသိတရားရစေရန် ‘လိုဟန်” လုပ်ဆောင်ရမှာဖြစ်ပါတယ်။ ဒီ Challenge ကို နဂါးသူရဲကောင်း”လိုဟန်” ဖြစ်တဲ့ ”ကျိကုန်း” အောင်မြင်မှာလား?။ရှုံးနိမ့်မှာလား? စောင့်ကြည့်ရင်း ရွှေအတိခန္ဓာကိုယ် ကို လုတဲ့  တိုက်ပွဲကိုလည်း ကြည့်ရှု ရမှာပါ။

ချောင်ရဲ့ ဇာတ်လမ်းသဘောသဘာဝအရ သမိုင်းကြောင်းကို သရော်ကာ ခေတ်ပညာပေးအဖြစ်ရိုက်ကူးထားတာကို တွေ့မြင်နိုင်ပါတယ်။

နဂါးသူရဲကောင်လိုဟန် နှင့် ကျားသူရဲကောင်းဖြစ်တဲ့ ”Ng Man Tat” တို့ရဲ့ အလွဲဟာသတွေကိုလည်းရယ်မောရဦးမှာပါ။

IMDb 6.2/10

Box office: HK $21,562,580.00

Reviews Thiha Zaw Htet (stephen chow movies & knowledge)

Translated by Nay Maint Yaun (Sc Channel)

Encoder : Win Kyaw Thu

Subtitle myanmar Subtitle (Hard sub)

 

 

 

 

 

Director

Director

Cast

Similar titles

Piku (2015) မြန်မာစာတန်းထိုး
7 Days (2018)  မြန်မာစာတန်းထိုး
Asterix: The Secret of The Magic Potion (2018) မြန်မာစာတန်းထိုး
Veedinthe Telugu Movie မြန်မာစာတန်းထိုး
The Hangover Part III (2013) မြန်မာစာတန်းထိုး(၁၈+)
Jalsa (2008) မြန်​မာစာတန်းထိုး
Ingrid Goes West (2017) မြန်မာစာတန်းထိုး
Oolong Courtyard: KungFu School (2018) မြန်​မာစာတန်းထိုး
Mathu Vadalara (2019) မြန်မာစာတန်းထိုး
Love, Again/ 두번할까요(2019) မြန်မာစာတန်းထိုး
Wrestling (2014) မြန်မာစာတန်းထိုး
Bol Bachchan (2012) မြန်မာစာတန်းထိုး