The Hate U Give (2018) မြန်မာစာတန်းထိုး

The Hate U Give (2018) မြန်မာစာတန်းထိုး

Your rating: 0
0 0 votes
what going on?

Synopsis

အခုတင်ဆက်ပေးမယ့် The Hate You Give ဒရာမာဇာတ်ကားကတော့ စာရေးဆရာမ Angie Thomas ရဲ့ New York Times Best Seller ဝတ္ထုကို ရုပ်ရှင်ပိတ်ကားထက် အသက်သွင်းထားတာ ဖြစ်ပါတယ်။ Tomatometer 97%, IMDb rating 6.9/10 ရရှိထားတဲ့ ဒီဇာတ်ကားကို ဒါရိုက်တာ George Tillman Jr. ရိုက်ကူးပြီး Amandla Stenberg, Regina Hall, Russell Hornsby နဲ့ သရုပ်ဆောင်ပေါင်းများစွာ ပါဝင်အားဖြည့်ထားပါတယ်။

အသက် ၁၆နှစ်အရွယ် လူမည်းမိန်းကလေး Starr Carter ဟာ လူဖြူတွေကြီးစိုးတဲ့ Willamson Prep private school က ကျောင်းသူတစ်ဦးဖြစ်ပါတယ်။ Starr သွားတက်တဲ့ ပါတီတစ်ခုမှာ သေနတ်ဖောက်မှု ဖြစ်ပွားခဲ့တာကြောင့် ကျောင်းဆင်းချိန်တွေမှာ သူ့ရဲ့ငယ်သူငယ်ချင်း Khalil က ကားနဲ့အိမ်ပြန်ပို့ပေးခဲ့ပါတယ်။ တစ်နေ့တော့ နှစ်ယောက်သား အိမ်ပြန်လာတဲ့လမ်းမှာ လူဖြူရဲအရာရှိတစ်ယောက်ရဲ့ တားဆီးစစ်ဆေးခြင်းကို ခံခဲ့ရပြီး ကားပြတင်းပေါက်ကနေ ပစ္စည်းတစ်ခုလှမ်းနှိုက်လိုက်တဲ့ Khalil ကို လက်နက်ထုတ်ပြီအထင်နဲ့ ရဲအရာရှိက ၃ချက်တိတိ ပစ်ခတ်ခဲ့ပါတယ်။

Khalil သေဆုံးတဲ့အမှုဟာ တစ်နိုင်ငံလုံးအတိုင်းအနဲ့ ဟိုးလေးတစ်ကျော် ဖြစ်ခဲ့ရပြီး အဓိကမျက်မြင်သက်သေက Starr ဖြစ်တယ်ဆိုတာကိုတော့ သူ့မိသားစုကလွဲပြီး ဘယ်သူမှမသိအောင် လျှို့ဝှက်ထားခဲ့ပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ Starr ကိုယ်တိုင်က လူရှေ့ထွက်ပြီး အစစ်ဆေးခံဖို့၊ ရုပ်သံမီဒီယာတေကတဆင့် သူ့အတွေ့အကြုံ၊ ခံစားချက်၊ သဘောထားအမြင်တွေကို ဖွင့်ဟပြောဆိုဖို့ ဆုံးဖြတ်လိုက်တဲ့အချိန်ကစပြီး သူ့ရဲ့ လူမှုရေး၊ ပညာရေး၊ လုံခြုံရေး အဖက်ဖက်မှာ ပြောင်းလဲမှုနဲ့ အကြပ်အတည်းတွေ စတင်ရင်ဆိုင်ရပါတော့တယ်။

File Size : 916 MB

Quality : WEBRip 1280×522

Running Time : 2hr 07min

Format : Mp4

Subtitle : Myanmar

Review : May Myat Thu

Translate : Daisy

Encode : Wai Linn Kyaw

Director

Director

Cast

Similar titles

i (2015) မြန်မာစာတန်းထိုး
Outlaw King မြန်မာစာတန်းထိုး
tvN Drama Stage: Goodbye My Life Insurance မြန်မာစာတန်းထိုး
Anaarkali of Aarah (2017)  မြန်​မာစာတန်းထိုး
Sming (2014) မြန်မာစာတန်းထိုး
The Terror Live (2013) မြန်မာစာတန်းထိုး
The Covenant (2006) မြန်မာစာတန်းထိုး
She’s Just a Shadow (2019) မြန်မာစာတန်းထိုး (18+)
Hello (2017) မြန်မာစာတန်းထိုး
Pacific Rim (2013) မြန်မာစာတန်းထိုး
The Current War (2017) မြန်မာစာတန်းထိုး
Death Warrant (1990) မြန်မာစာတန်းထိုး