The Guilty (2018) မြန်မာစာတန်းထိုး

The Guilty (2018) မြန်မာစာတန်းထိုး

Your rating: 0
4 1 vote
what going on?

Synopsis

The Guilty

? Xenovia Recommended ?

========

ထူးထူးခြားခြား ဒိန်းမတ်ကားလေးတစ်ကား ညွှန်းမယ်။ ဘာထူးခြားလဲဆိုတော့ တစ်ကားလုံး ကွန်ပြူတာရှေ့မှာ နားကြပ်နဲ့တစ်မျိုး ဟန်းဖုန်းနဲ့တစ်မျိုး ဖုန်းပြောရင်းပြီးသွားတယ်၊ သရုပ်ဆောင်ဆိုလို့ အဲ့မင်းသားအပြင် ဖြတ်လျှောက် ၄ ယောက်ပဲပါတယ်။ ဇာတ်ကားတစ်ကားလုံး ပိုစတာထဲကလိုပဲ အဲ့မင်းသားမျက်နှာချည်းပဲမြင်ရမယ် ?။

မင်းသားက ဒိန်းမတ်ရဲ၊ အရေးပေါ်ဖုန်းဌာနမှာ တာဝန်ကျချိန်မှာ ပြန်ပေးဆွဲခံရတဲ့ မိန်းမတစ်ယောက်ရဲ့ ဖုန်းဝင်လာတယ်။ အဲဒီ ပြန်ပေးဆွဲခံရတဲ့မိန်းမကို ကယ်ဖို့ ကြိုးစားတဲ့အကြောင်းပေါ့။

ဘာဆို ဘာဆက်တင်မှကိုမလိုဘူးအောင် ဇာတ်ကားတစ်ကားလုံးကို ဖုန်းအပြန်အလှန်ပြောတာတွေနဲ့ သရုပ်ဖေါ်ထားတယ်။ တဖက်ကဖုန်းဖြေတဲ့အသံတွေကို နားထောင်၊ မင်းသားရဲ့ မျက်နှာအမူအယာတွေကြည့်ပြီးတော့ အခြေအနေကို မျက်လုံးထဲမြင်လာအောင်ရိုက်သွားနိုင်တာ ဒီကားရဲ့ ထူးခြားချက်ပဲ။

ဖုန်းချည်းလှိမ့်ပြောနေလို့ ပျင်းစရာကောင်းမယ်တော့မထင်နဲ့ အတော်စိတ်ဝင်စားဖို့ကောင်းသဗျာ၊ ဇာတ်ရှိန်က မထင်ဘဲတက်တက်သွားတာ။ ကြည့်နေရင်းနဲ့ ကိုယ်ပါ ၀င်တွေးလို့ရသေးတယ်။

IMDB rating မြင့်လွန်းတဲ့အပြင် ဆုတွေ အများကြီးယူထားနိုင်တာမို့ ထူးခြားလို့ကြည့်ဖြစ်ရင်းက အဆုံးအထိကြည့်ဖြစ်သွားတာပဲ။ လုံးဝ စိတ်ဝင်စားဖို့ကောင်းတာမို့ ညွှန်းပါတယ်။

ကြမ်းတမ်းသတ်ဖြတ်တာတွေကို စကားလုံးတွေနဲ့ သရုပ်ဖေါ်ထားတဲ့အတွက် ၁၇ နှစ်အောက်တွေ အုပ်ထိန်းသူမပါရင် မကြည့်သင့်တဲ့ R-rating သတ်မှတ်ထားပါတယ်။

IMDB – 7.6

 

Director

Director

Cast

Similar titles

The Dawn (2019) မြန်မာစာတန်းထိုး
Daughter of the Wolf(2019)မြန်မာစာတန်းထိုး
Amaanat (2019) မြန်မာစာတန်းထိုး
The Unjust (2010) 1080p 6CH မြန်မာစာတန်းထိုး
Final Justice (1988) မြန်မာစာတန်းထိုး (21+)
The Expiration Date of You and Me (2018) မြန်မာစာတန်းထိုး
The Dead Pool (1988) မြန်မာစာတန်းထိုး
Weathering with You (2019) မြန်မာစာတန်းထိုး
Titanic (1997) မြန်မာစာတန်းထိုး
Hichki or Hiccup (2018) မြန်​မာစာတန်းထိုး
Ben-Hur (2016) မြန်မာစာတန်းထိုး
Raazi (2018) မြန်​မာစာတန်းထိုး