The Final Wish (2018) 720p WEB-DL မြန်မာစာတန်းထိုး

The Final Wish (2018) 720p WEB-DL မြန်မာစာတန်းထိုး

Your rating: 0
10 2 votes
what going on?

Synopsis

ကျွန်တော်တို့ နေထိုင်နေတဲ့ စကြာဝဠာကြီးက သူ့ဟန်ချက်ကို သူ ထိန်းညှိထားတတ်တယ် ။ ဖြစ်တည်မှုရှိသလို ၊ ပျက်ဆီးမှုရှိတယ် ။ အဖို ဓာတ်ရှိသလို အမ ဓာတ်ဆိုတာလည်း ရှိတယ် ။ ရှင်သန်ခြင်းရှိသလို သေဆုံးခြင်း ဆိုတာလည်းရှိတယ် ။ ကောင်းတဲ့ နတ်တွေရှိသလို ဒုက္ခပေးတတ်တဲ့ နတ်ဆိုးတွေလည်းရှိတယ် ။

လူတွေက ကောင်းကျိုးပေးတဲ့ နတ်တွေကို နတ်ဘုရားလို ကိုးကွယ်ပြီး ၊ လူတွေကို ဒုက္ခပေးတဲ့ နတ်တွေကိုတော့ နတ်ဆိုးလို့ သတ်မှတ်ခဲ့ကြတယ် ။ နတ်ဆိုးကို ဗိုင်ဘယ်ကျမ်းထဲမှာတော့ မသန့်ရှင်းတဲ့ဝိဉာဉ်လို့ ရေးထားတယ် ။ ကိုရမ်ကျမ်းမှာတော့ ဂျင်လို့ ခေါ်တယ် ။

မက်ဆိုပိုတေးမီးယား(အီရတ်) ဒေသထက် ပိုရှေးကျတဲ့ အီဂျစ်လူမျိုးတွေက မန္တာန်တွေသုံးပြီး နတ်ဆိုးတွေကို ဖမ်းချုပ်ဖို့ အဲဒိအိုးတွေကို အသုံးပြုခဲ့ကြတယ် ။ အဲဒိအိုးတွေဟာ ရှေးဟောင်းနယ်မြေဖြစ်တဲ့ မက်ဆိုပိုတေးမီးယားနယ်စပ်မှာ ပြန့်ကျဲနေခဲ့တယ် ။ အဲဒိအိုးလေးတွေကို ဘယ်သူမှ မထိရဲ ၊ မကိုင်ရဲ ၊ မယူရဲဘူး ။ အဲဒိ အိုးကို ထိသူတိုင်းဟာ ရှေးဟောင်းအီဂျစ်တွေရဲ့ ကျိန်စာသင့်တတ်လို့ပေါ့ ။

ဖြစ်ချင်တော့ အဲဒိအိုးလေးထဲက တစ်အိုးဟာ အာရွန်ရဲ့ အဖေစီမှာ ရောက်နေခဲ့တယ် ။ အာရွန်ဆိုတာ နယူးယောခ့်မှာ ဥပဒေတန်းသွားတတ်ပြီး ရှေ့နေအလုပ် လုပ်ဖို့အတွက် အလုပ်ရှာနေတဲ့ အလုပ်လက်မဲ့ လူငယ်တစ်ဦးပေါ့ ။ သူ့မှာ အခန်းငှားခတောင်ရှင်းစရာ ငွေမရှိပါဘူး ။

တစ်နေ့တော့ အာရွန်အဖေ ဆုံးသွားလို့ အာရွန်ဟာ သူ့အမေရှိရာ မြို့ငယ်လေးကိုပြန်လာခဲ့တယ် ။ အာရွန်ဟာ သူ့အဖေကျန်ခဲ့တဲ့ ပစ္စည်းအဟောင်းတွေထုတ်ရောင်းဖို့ပြင်ရင်း အဲဒိအိုးလေးကို တွေ့သွားခဲ့တယ် ။ ကျိန်စာသင့်စေနိုင်တဲ့ နတ်ဆိုးတွေ ဖမ်းချုပ်ထားတဲ့ အိုးလေးပေါ့ ။

အာရွန်ဟာ ကျိန်စာသင့်နေတဲ့ အိုးလေးကို ထိမိပါတော့တယ် ။ အာရွန် ဘယ်လိုကျိန်စာတွေ သင့်မလဲ ၊ ကျိန်စာတွေက ဘယ်လိုတွေဖြစ်လာမလဲ ၊ ကျိန်စာတိုင်းက ကံဆိုးမှုကို လက်ယက်ခေါ်တတ်တာ ဖြစ်ပေမယ့် အာရွန့် အလှည့်မှာ ဘယ်လို ကံကောင်းမှုတွေနဲ့ ကျိန်စာသင့်မလဲဆိုတာတော့ ဇာတ်လမ်းအစကို ကြည့်မိရုံနဲ့ ဇာတ်လမ်းအဆုံးထိ တိုင်အောင် စိတ်ကို စွဲဆောင်ပါလိမ့်မယ်ဆိုတာ အထူးအာမခံလိုက်ပါရစေဗျာ့

 

 

Genre : Horror

File Size : 823 MB

Quality : WEB-DL 1280×536

Running Time : 1hr 35min

Format : Mp4

Subtitle : Myanmar

Translate : Hsu Min Myat

Encode : Wai Linn Kyaw

 

 

 

 

Director

Director

Cast

Similar titles

Look Away (2018) မြန်မာစာတန်းထိုး
Watching (2019) မြန်မာစာတန်းထိုး
0.0 MHz (2019) မြန်မာစာတန်းထိုး
The Furies (2019) မြန်မာစာတန်းထိုး
A Nightmare on Elm Street (2010) မြန်မာစာတန်းထိုး
The Amityville Horror (2005) မြန်မာစာတန်းထိုး
A.M.I (2019) မြန်မာစာတန်းထိုး
Pocong Mandi Goyang Pinggul (2011) မြန်မာစာတန်းထိုး
The Nun (2018) မြန်​မာစာတန်းထိုး
Truth or Dare (2018) မြန်မာစာတန်းထိုး
Slaughterhouse Rulez (2018) မြန်မာစာတန်းထိုး
Us (2019) မြန်မာစာတန်းထိုး