Thaanaa Serndha Koottam (2018) မြန်မာစာတန်းထိုး

Thaanaa Serndha Koottam (2018) မြန်မာစာတန်းထိုး

Your rating: 0
10 2 votes
what going on?

Synopsis

Thaanaa Serndha Koottam (2018) မြန်မာစာတန်းထိုး

======================================

IMDb Ratings : 7.8/10

Genre : Action,Comedy,Crime

Run Time : 138mins

Released Date : 12th Jan 2018

Singam မင်းသား Suriya ရဲ့ 

၂၀၁၈ ထွက် အသစ်စက်စက် အက်ရှင်ဇာတ်ကားကြီး….

တကယ်​​တော့

ဒီဇာတ်ကားဟာ

အိန္ဒိယနိုင်ငံရဲ့ အကျင့်ပျက်ခြစားမှုတွေကို

မီးမောင်းထိုးပြထားတဲ့ အက်ရှင်ကားကြီးတစ်ကားဖြစ်ပါတယ်

အိန္ဒိယနိုင်ငံမှာ ဘွဲ့ ရပညာတတ်ပေါများသလောက်

အစိုးရအလုပ် လုပ်ခွင့်ရတဲ့သူကတော့

လက်တစ်ဆုပ်စာသာ ရှိပါသတဲ့

ဘွဲ့ ရထားလို့ အရာရှိဝင်လျှောက်ရင်

ငွေများများ ပုံအောပေးနိုင်သူက

အလုပ်ရပါသတဲ့

ဒီလိုအကျင့်ပျက်နေတဲ့ အစိုးရဌာနတစ်ခုရှိတယ်

CBI – Central Bureau of Investigation

စုံစမ်းထောက်လှမ်းရေးဌာန

ဒီဌာနဟာ ရဲဌာနထက် ပိုအဆင့်မြင့်ပြီး

ဒီဌာနမှာ အလုပ်လိုချင်တဲ့သူတွေ တန်းစီနေတယ်

အာနီယန်းဆိုတဲ့ ကောင်လေးတစ်ယောက်ဟာ

ငယ်ငယ်ကတည်းက CBI အရာရှိဖြစ်ချင်ခဲ့တယ်

သူ့ အဖေက CBI ဌာမှာ ရုံးလုလင်တစ်ယောက်

ဘွဲ့ ရလို့ အရာရှိဝင်လျှောက်တဲ့အခါ

ဖခင်ရဲ့ ဖြောင့်မတ်မှန်ကန်မှုကြောင့်

ကိုယ့်ရဲ့ လာဘ်စားမှုတွေပေါ်မှာ ကြောက်နေတဲ့

အရာရှိကြီး အူတာမာန်နဲ့ ထိပ်တိုက်တိုးတယ်

အာနီယန်း အင်တာဗျူး မအောင်ခဲ့ဘူး

အင်တာဗျူးမအောင်တာထက်

သူ့ အဖေနဲ့ ပက်သက်ပြီး အရာရှိကြီးလှောင်ပြောင်ခဲ့တဲ့စကားကို အသည်းနာလှတယ်

ဒါ့အပြင် ကိုယ်နဲ့ အလုပ်အတူလျှောက်တဲ့ သူငယ်ချင်းကပါ

အင်တာဗျူးမအောင်လို့ အိမ်နဲ့ အဆင်မပြေဖြစ်ပြီး

Suicide လုပ်သွားတော့

CBI အရာရှိ အူတာမာန်ကို စိတ်နာသွားတယ်

ဒီလိုနဲ့ …

နှစ်အနည်းငယ်ကြာတဲ့အခါ

နယ်ဘက်က ၀န်ကြီးအိမ်တစ်ခုမှာ

CBI ၀င်ရောက်စီးနင်းတာ ခံရပြီး

လာဘ်စားထားတဲ့ ပစ္စည်းမှန်သမျှ

CBI အရာရှိ အူတာမာန် နာမည်နဲ့ သိမ်းဆည်းတာ ခံလိုက်ရတယ်

နောက်မှသိလိုက်ရတာက ၀န်ကြီးအိမ်ကို

လိမ်တဲ့သူတွေက ဂိုဏ်းတစ်​ခုနဲ့ ကျကျနနပြင်ဆင်

ယုတ္တိရှိရှိလိမ်ပြီး ၀န်ကြီးကိုတောင် ပါးရိုက်သွားတဲ့အထိ

အတင့်ရဲကြတယ်…

ဒါတင်မကဘူး

နောက်ရက်အနည်းငယ်ကြတော့

အကျင့်ပျက် လာဘ်စားတဲ့ အစိုးရလူကြီးအိမ်တွေကို

အူတာမာန် နာမည်သုံးပြီး ၀င်အစီးခံရပြန်တယ်

CBI အူတာမာန်ဆီကို

ဒီအမှုရောက်သွားတဲ့အခါ

ကွင်းဆက်အတိုင်း လိုက်ပြီး ဘယ်လိုဖြေရှင်းမလဲ

လက်သည်တရားခံကို ဘယ်လိုရှာဖွေမလဲဆိုတာ

စီးမျောလိုက်ပါခံစားရင်း

ဇာတ်လမ်းဟာ အရှိန်အဟုန်ကောင်းကောင်းနဲ့ 

ဇာတ်သိမ်းပိုင်းအထိ ဆွဲခေါ်သွားတယ်

ဒီကားထဲက ဒိုင်ယာလော့တစ်ချို့ ကို

ကောက်နှုတ်ဖော်ပြပေးလိုက်ပါတယ်

“အမှန်တရားကို ကိုယ်တိုင်မြတ်နိုးပြီး

လက်တွေ့ ကျင့်သုံးမယ်ဆိုရင်

ဘာကိုမှ ကြောက်စရာမလိုဘူး

အရပ်ဘယ်လောက်ရှည်လဲဆိုတာ

အဓိကမကျဘူး

ဘယ်လောက်အမြင့်ကို

ရောက်နိုင်လဲဆိုတာ

အဓိကကျတယ်”

အင်နီယန်း

“ဘယ်လောက်အမြင့်ကပဲ ပျံပျံ

စာကလေးက စာကလေး

သိမ်းငှက် သိမ်းငှက်ပဲ”

CBIအရာရှိအူတာမာန်

အားပေးလိုက်ကြပါဦး ခင်ဗျာ

Review & Translated By Myint Thu(MLMC)

Encoded By John Burgoyne

 

Director

Director

Cast

Similar titles

Breaking In (2018) မြန်မာစာတန်းထိုး
Sunday (2008) မြန်မာစာတန်းထိုး
Kung Fu Hustle (2004) မြန်မာစာတန်းထိုး
Kantharam (2019) မြန်မာစာတန်းထိုး
Bajrangi Bhaijaan (2015) မြန်မာစာတန်းထိုး
The Forbidden Kingdom (2008) မြန်မာစာတန်းထိုး
The Covenant (2006) မြန်မာစာတန်းထိုး
Mojin: The Worm Valley (2018) မြန်မာစာတန်းထိုး
Son of Sardaar (2012) မြန်မာစာတန်းထိုး
The Hangover Part III (2013) မြန်မာစာတန်းထိုး(၁၈+)
Barefoot Gi Bong (2006) မြန်​မာစာတန်းထိုး
Predator (1987) မြန်မာစာတန်းထိုး