Shazam! (2019) မြန်မာစာတန်းထိုး

Shazam! (2019) မြန်မာစာတန်းထိုး

Your rating: 0
8.3 6 votes
what going on?

Synopsis

Billy Batson ဆိုတဲ့ ၁၄ နှစ်အရွယ်ကောင်လေးတစ်ယောက် Shazam ဆိုတဲ့ Wizard ကြီးရဲ့ရွေးချယ်ခဲ့မှုကြောင့် “Shazam!” လို့ အော်လိုက်ရင်လူကြီးအရွယ်တစ်ယောက်အဖြစ်အသွင်ပြောင်းသွားပြီး demigods ခြောက်ယောက်ရဲ့ စွမ်းအားတွေကိုရရှိတဲ့ Superhero တစ်ယောက်ဖြစ်သွားပါတယ်။ ကလေးစိတ်နဲ့ Shazam တဖြစ်လဲ Billy ဟာ သူ့စွမ်းအားတွေကိုပေါက်ကရတွေလုပ်စူးစမ်းရင်း Dr. Sivana ဆိုတဲ့လူဆိုးကြီးနဲ့ရင်ဆိုင်ရဖို့ဖြစ်လာပါတယ်။

Review
———-
Wonder Woman မှာ Themyscira နဲ့အတူ DC ရဲ့ greek gods တွေကိုမိတ်ဆက်ခဲ့သလို Aquaman မှာလဲ Atlantis ရဲ့ Seven Kingdoms ကိုအကောင်းမွန်ဆုံးမိတ်ဆက်ပေးနိုင်ခဲ့တယ်။ အခု Shazam ကတော့ DC ရဲ့ Magic Worlds တွေကိုချပြဖို့အကောင်းမွန်ဆုံးအစပျိုးနိုင်ခဲ့တယ်လို့ပြောလို့ရပါတယ်။

Trailer ကြည့်ပြီး ဇာတ်လမ်းခပ်ပေါ့ပေါ့ကားပဲထင်နေရင်တော့ No ပါ။ comedy အသားပေးဆိုပေမဲ့ ဇာတ်လမ်းကပေါ့ရွှတ်ရွှတ်ဖြစ်သွားတာမျိုးလုံးဝမရှိခဲ့ဘူး။ ဟာသ​တွေကလဲ ဇာတ်ဝင်ခန်းနဲ့ဘာမှမဆိုင်တာကို အတင်းလုပ်ယူထားတဲ့ lame joke တွေလိုမျိုးမဟုတ်ဘဲ သူ့ဟာနဲ့သူအံဝင်ခွင်ကျ တကယ်သဘောကျဖို့ကောင်းတဲ့ဟာသတွေပါ။ ဒီဟာသတွေကြောင့်ပိုပြီးတောင်ကြည့်ကောင်းသွားသေးတယ်။

ဒါ​ပေမဲ့လဲ comedy သက်သက်ချည်းမဟုတ်ပါဘူး။ ဒါရိုက်တာ David F. Sanberg ဟာ သူက horror ကားတွေရိုက်ခဲ့တဲ့ဒါရိုက်တာဆိုတာကိုမေ့နေကြမှာဆိုးလို့ထင်ပါတယ် ရုပ်ရှင်အစ opening scene မှာတင် horror ဆန်ဆန်ပုံစံနဲ့ဖွင့်ခဲ့ပြီး ရုပ်ရှင်ဇာတ်လမ်းတလျှောက်လဲ jump scare တွေကိုအလျဉ်းသင့်သလိုသုံးပြီးပညာပြသွားသေးတော့ ကြည့်ရသူတွေကိုပိုပြီး thrill ဖြစ်စေပါတယ်။ နောက်ပြီး Billy နဲ့ Freddy ၂ ယောက်တည်းကိုပဲ highlight လုပ်ပြသွားတာမျိုးမဟုတ်ဘဲ တခြား foster မိသားစုဝင်တွေနဲ့ Billy ကြားက family drama လေးတွေကိုပါပြသွားတာကလဲတကယ် emotional ဖြစ်ပါတယ်။ ဇာတ်ပို့တွေကလဲ ဇာတ်ပိုကြီးဖြစ်မနေဘဲ တကယ်ကောင်းတဲ့ဇာတ်ပို့တွေဖြစ်ခဲ့တယ်။ ဒီ family နဲ့ပက်သက်တာတွေကပဲ ဒီကားရဲ့အကောင်းဆုံးအပိုင်းလို့ပြောလို့ရပါတယ်။ မင်းသားကြီး Mark Strong ရဲ့ Villain Character Dr. Sivana ကလဲ DC ကားတွေထဲက အကောင်းဆုံး villain တစ်ယောက်အဖြစ်စာရင်းဝင်ခဲ့ပါပြီ။ မ dark မှာကိုပူနေတဲ့ fan တွေလဲမပူပါနဲ့ တကယ် dark တဲ့အပိုင်းတွေပါပါတယ်။

Soundtrack တွေလဲတော်တော်လန်းပြီး Queen ရဲ့ Don’t Stop Me Now နဲ့ Presley ရဲ့ Blue Moon တို့လိုသီချင်းတွေကိုလဲဇာတ်ဝင်ခန်းနဲ့လိုက်ဖက်အောင်သုံးသွားသေးတယ်။ နောက်ပြီး Tom Hanks ရဲ့ BIG ကို reference လုပ်ထားတဲ့ဇာတ်ဝင်ခန်းတစ်ခန်းကိုလဲ သင်က BIG ကိုကြိုက်ခဲ့ဖူးသူဆိုရင်သတိထားမိမှာပါ။

သဘောအကျဆုံးနဲ့ အကောင်းဆုံးလို့ပြောလို့ရတာကတော့ရုပ်ရှင်ရဲ့နောက်ဆုံးပိုင်း third act ပါပဲ။ Trailer မှာအဲဒီအခန်းတွေနဲ့ပက်သက်ပြီး လုံးဝပြမသွားတာကိုပဲ တကယ်ကျေးဇူးတင်မိတယ်။ WB ကသာအခုထက်ပိုပြီး budget များများသုံးခဲ့မယ်ဆိုရင် နောက်ဆုံး fight scene ဟာ ဒီထက်ပိုပြီးတော့ကို epic ဖြစ်မှာပါ။ ဒါပေမဲ့အခုပုံစံကလဲ မထင်မှတ်ထားတဲ့ action sequence တွေနဲ့ မျှော်လင့်ထားတာထက်ကျေနပ်ဖွယ်ကောင်းခဲ့ပါတယ်။ Comic မှာတောင်အကုန်ပါမလာသေးတဲ့ Seven Magic Lands ကိုပါးပါးလေးမိတ်ဆက်သွားသေးတဲ့အတွက် နောက် sequels တွေအများကြီးထုတ်လို့ရမဲ့အခြေအနေမျိုးကိုပိုင်ဆိုင်သွားပါပြီ။

ပြောရရင်တော့ Shazam! ဟာ သူနဲ့ဆက်စပ်ကားတွေရဲ့အရှိန်အဝါနဲ့အောင်မြင်တဲ့ကားမျိုးမဟုတ်ဘဲ သူ့ကိုယ်ပိုင်ဇာတ်လမ်းနဲ့အတူ Superhero ရုပ်ရှင်ကောင်းတစ်ခုဆိုရုံတင်မဟုတ်ဘဲ Family Movie ကောင်းတစ်ခုလို့ပါပြောလို့ရပါတယ်။ ကျွန်တော့အတွက်ကတော့ Aquaman ထက်တောင်အများကြီးပိုကြိုက်မိပါတယ်။ တကယ်လို့ Superhero ရုပ်ရှင်တွေကြည့်လေ့မရှိတဲ့သူဆိုရင်တောင်ကြည့်ရတော်တော်အဆင်ပြေမှာပါ။

P.S credit scene နှစ်ခုပါပါတယ်။

Genre : Fantasy / Sci-Fi
File size : 1.1 Gb
Quality : Bluray (720p)
Running Time : 2hr 12min
Format : mp4
Subtitle : Myanmar
Review : Hollywood Dope Facebook page
Translate : MGZ
Encode : Yuzana Nyi & Soe Htwe

 

 

 

Director

Director

Cast

Similar titles

Captain Marvel (2019) မြန်မာစာတန်းထိုး
Harry Potter and the Sorcerer’s Stone (2001) မြန်မာစာတန်းထိုး
Blade: Trinity (2004) မြန်မာစာတန်းထိုး
Passengers (2016) မြန်မာစာတန်းထိုး
The Nutcracker and the Four Realms (2018) Blu-Ray မြန်မာစာတန်းထိုး
The Little Mermaid (2018) မြန်မာစာတန်းထိုး
Solo: A Star Wars Story (2018) မြန်​မာစာတန်းထိုး
The Croods (2013) မြန်မာစာတန်းထိုး
9 (2009) မြန်မာစာတန်းထိုး
The Titan (2018)  BluRay 1080p 5.1CH x264  မြန်မာစာတန်းထိုး
Shadow Effect (2017) မြန်မာစာတန်းထိုး
Snow White and the Seven Dwarfs (1937) မြန်မာစာတန်းထိုး