Princess Mononoke (1997) မြန်မာစာတန်းထိုး

Princess Mononoke (1997) မြန်မာစာတန်းထိုး

Your rating: 0
10 2 votes
what going on?

Synopsis

Princess Mononoke (1997) မြန်မာစာတန်းထိုး
=====================

IMDb (8.4/10)
Rotten Tomatoes (94%)

ဒီတစ်​ခါ​တော့
ခံစားချက်​​ပေါင်းများစွာ ရ​စေမဲ့
အဓိပ္ပါယ်​အများကြီးရှိတဲ့
ဂျပန်​ Anime ​လေးတစ်​ခုနဲ့ မိတ်​ဆက်​​ပေးပါရ​စေ။

ဇာတ်​ကား​ဟောင်း​ပေမဲ့ နှစ်​ချို့ဝိုင်​လို
ခေတ်​အဆက်​ဆက်​ ဖြတ်​သန်းပြီးတာ​တောင်
ဟောင်း​လေ​ကောင်း​လေ
သတ်​မှတ်​ထားကြတဲ့ ဇာတ်ကားတစ်​ကားပါပဲ။

ဒီ ကမ္ဘာ​လောကကြီးမှာ ဖြစ်​နိုင်​မယ်​ဆိုရင်
လူတိုင်းက အရာအားလုံးကို လိုချင်​ကြတာပါပဲ။
ကိုယ်​ လိုချင်​တာ​တွေ အတွက်​ လူ​တွေ
အပြိုင်​အဆိုင်​ ဖြစ်​လာတဲ့အခါ
အမုန်းတရားနဲ့ အမှား အမှန်​ ဖြစ်​တည်​လာရတယ်​။
ဒီ ဇာတ်​လမ်းရဲ့ ထူးခြားချက်​က​တော့
ကိုယ့်​အမှန်​တရားနဲ့ကိုယ်​ ရှိ​နေတဲ့ ဘက်​နှစ်​ဘက်​ရယ်
လောဘသက်​သက်
အတ္တ အမှန်​တရားရှိ​နေတဲ့တစ်​ဘက်​ရယ်
ကြား​နေလူတစ်​​ယောက်​ရယ်​နဲ့
အမှန်​တရားဆိုတာ ဘက်​တိုင်းမှာ ရှိ​နေ​ကြောင်း
ကောင်း​ကောင်းကြီး မီး​မောင်း ထိုးပြ နိုင်​ခဲ့ပါတယ်​။
ဘက်​တိုင်းမှာ ရှိ​နေတာဟာ ဘယ်​ဘက်​မှာမှ
မရှိတာနဲ့ အတူတူပါပဲ။

ဇာတ်​လမ်းအကျဉ်းက​တော့….

ရှေးပ​ဝေဏသီ အတိတ်​တစ်​ခုတုန်းက
သားရိုင်း​တွေ သစ်​​တောဝိညာဉ်​ နတ်​ဘုရား​တွေ
သစ်​​တောထဲ ​နေခဲ့ကြတယ်​။ သူတို့ကို ​စောင့်​​ရှောက်​တဲ့
သားရိုင်းကြီး​တွေနဲ့ လူ​တွေလည်း အတူ
သဟာဇာတ ဖြစ်​ဖြစ်​ ရှိခဲ့ကြတယ်​။

သစ်​​တောကို ရှင်းလင်းပြီး အမျိုးသမီးတစ်​​ယောက်​က
ပြည့်​တန်​ဆာနဲ့ နူနာသည်​လို လူ့​လောက အပယ်​ခံ​တွေ
အတွက်​ မြို့တစ်​မြို့ တည်​​ဆောက်​တဲ့အချိန်
သစ်​​တောရဲ့ မူလ​နေထိုင်​သူ​တွေနဲ့ တိုက်​ပွဲ​တွေဖြစ်​ခဲ့တဲ့အပြင်​ သံသတ္တု​ပေါများတဲ့ ​ဒေသ
့ဖြစ်​တာ​ကြောင့်​ ဧကရာဇ်​ရဲ့ မျက်​စိကျ ခံရပြီး
တိုက်​ခိုက်​ခံရတဲ့ ​ဒေသလည်း ဖြစ်​ခဲ့တယ်​။

သစ်​​တောဝိညာဉ်​နတ်​ဘုရားရဲ့ ​ခေါင်းက
ထာဝရအသက်​ကို ​ပေးနိုင်​တယ်​လို့ ယုံကြည်​သွားတဲ့
ဘုရင်​တစ်​ပါးက ​ခေါင်းရဖို့ ကြိုးစားလာတဲ့အခါ…..။

ဇာတ်​အိမ်​ခိုင်​လွန်းပြီး
Dialouge ​တွေပါ အ​သေးစိတ်​​လေး​တွေအထိ
အနုစိတ်​ထားတဲ့မို့ ​လုံးဝလက်မလွတ်သင့်ကြောင်းပါ။

 

Director

Director

Cast

Similar titles

To Your Last Death (2019) မြန်မာစာတန်းထိုး
Jurassic World: Fallen Kingdom (2018) မြန်မာစာတန်းထိုး
The Bride with White Hair (1993) မြန်မာစာတန်းထိုး
Star Wars: Episode VI – Return of the Jedi (1983) မြန်မာစာတန်းထိုး
Reign of Assassins (2010) မြန်မာစာတန်းထိုး
Tofu (2017) မြန်မာစာတန်းထိုး
Jodhaa Akbar (2008) မြန်မာစာတန်းထိုး
Unknown Origins (2020) မြန်မာစာတန်းထိုး
John Carter (2012) မြန်မာစာတန်းထိုး
Fly Me to the Saitama (2019) မြန်မာစာတန်းထိုး
The Expendables 3 (2014) မြန်မာစာတန်းထိုး
The Incredible Hulk (2008) မြန်မာစာတန်းထိုး