Video Sources 3906 Views

  • Watch traileryoutube.com
Panjaa (2011) မြန်မာစာတန်းထိုး

Panjaa (2011) မြန်မာစာတန်းထိုး

Dec. 09, 2011156 Min.
Your rating: 0
0 0 votes
what going on?

Synopsis

Panjaa (2011) မြန်မာစာတန်းထိုး

Imdb Ratings: 6.6/10

Rottrn Tomatos: 68%

Genre:Action,Crime,Thrillor

Run Time: 156mins

Release Date:9 Dec 2011

အသက်ရှစ်နှစ်အရွယ်မှာ သူ့ ရဲ့အမေရယ် သူ့အမရယ်နဲ့ ကာလ်ကတ္တားကို အခြေချဖို့ ရောက်လာတဲ့ မိသားစုလေးထဲက ကောင်လေးတစ်ယောက်. . . သူ့ နာမည်က ဂျေး(Pawan Kalyan)တဲ့. . . ခေတ်ပျက်ကြီးထဲက နွမ်းပါးတဲ့ဘဝတွေကြားမှာ အသက်ရှင်ရပ်တည်ဖို့  ရုန်းကန်ကြရင်း အမဲဖြတ်မယ့်ကျားတွေကလည်း သူ့ အမေနဲ့ သူ့အမကို သွားရည်တမြမြနဲ့ ချောင်းမြောင်းပြီး ကံဆိုးမိုးမှောင်ကျတဲ့ တစ်နေ့တော့ နှစ်ယောက်လုံးဟာ အဓမ္မပြုကျင့်ခံရပြီး အသတ်ခံလိုက်ရတယ်. . . သတ်တဲ့လူတွေကို သိပေမယ့် အသက်အရွယ်ကငယ်… အားအင်က မရှိတော့ အံကြိတ်ပြီးဘဝကို ရင်ဆိုင်နေရချိန် သူ့ ကိုကယ်တယ်ဖို့ ရောက်လာသူက မြေအောက်ဂိုဏ်းတစ်ခုက လက်မရွံ့  လုပ်ကြံရေးသမားကြီး “ဘဝဝမ်”(Jackie Shroff) “ဂျေး” ကို ဖေးမ,အားအင်တွေပေးပြီး သူ့ အမေနဲ့ သူ့ အမကို မတရားကြံစည်သတ်ဖြတ်သွားသူတွေကို လက်စားချေဖို့  ကူညီပေးလိုက်တဲ့အနောက်မှာတော့. . .ဂျေးဟာ. . .ဘဂဝမ်အတွက် သေဆိုသေ ရှင်ဆိုရှင်မယ့် ကျေးဇူးရှင် မွေးဖခင်သဖွယ်ဖြစ်လာခဲ့တယ် ဘဂဝမ်ရဲ့ တရားမဝင်လုပ်ငန်းတွေကို ရဲရဲဝံ့ဝံ့နဲ့ ပြတ်ပြတ်သားသား ကိုင်တွယ်ပေးတတ်တဲ့ ဂျေးဟာ. . .ဘဂဝမ်အတွက် အားကိုးလောက်တဲ့ လက်ရုံးတစ်ယောက်. . .ဘဂဝမ်ရဲ့ အရိပ်သဖွယ်ဖြစ်လာခဲ့တယ်. . . တစ်နေ့ . . .8နှစ်ကြာအောင် အမေရိကားမှာ ပညာတော်သင်သွားနေတဲ့ ဘဂဝမ်ရဲ့သား “မူနာ”(Adivi Sesh). ပြန်ရောက်လာခဲ့တော့ ဘဂဝမ်ဟာ ဂျေးဆီမှာ ကတိတစ်ခုတောင်းခဲ့တယ်. . . သူ့ အတွက် အရိပ်တစ်ခုဖြစ်ပေးနိုင်သလို သူ့ သားမူနာအတွက်ရော အရိပ်သဖွယ်ဖြစ်ပေးနိုင်မလားတဲ့. . . မူနာက သူဌေးသား ဂန်းစတားရဲ့သားပီပီ စရိုက်ဆိုးတယ်. . . သူဖွင့်ထားတဲ့ ကလပ်မှာ ငယ်ငယ်ကတည်းက ဂျေးနဲ့ အတူတူကြီးပြင်းလာခဲ့တဲ့ ကလပ်မယ် “ဂျာနဗီ”(Anjali Lavania)ဆိုတဲ့ sexyဖြစ်တဲ့ အကမယ်လေးတစ်ယောက်ရှိတယ်. . .အကမယ်လေးက ဂျေးကို ငယ်ငယ်ကတည်းက ချစ်ကြိုက်ခဲ့ရပေမယ့်. . .ဂျေးကတော့ ညီမလေးတစ်ယောက်လို သဘောထားခဲ့သူလေး. . . “မူနာ”တစ်ယောက် “ဂျာနဗီ”ကို တွေ့ကတည်းက အပိုင်သိမ်းချင်စိတ်တွေပေါ်နေပေမယ့် ဂျာနဗီက အကပ်မခံတာကြောင့် မခံမရပ်နိုင်ဖြစ်နေရတယ်. . . တစ်ဖက်မှာလည်း သူ့အဖေဂိုဏ်းမှာလုပ်နေတဲ့ “ဆမ်ဘား”ကို စော်ကားမော်ကားလုပ်ခဲ့သေးတော့ “ဆမ်ဘားဟာ” ဘဂဝမ်ရဲ့ ပြိုင်ဖက် “ကူလ်ကာနီ”ဆီမှာ ခိုလှုံသွားတဲ့အခါ သူ့ အဖေဘဂဝမ်ကို ကုန်းချောစကားပြော “ဆမ်ဘား”ကို ရှင်းခိုင်းတယ်. . . တော်ရုံလူ မဝင်ရဲတဲ့ ကူလ်ကာနီရဲ့နယ်မြေထဲကို ဂျေးတစ်ယောက် ရဲရဲဝံ့ဝံ့ ဝင်သွားပြီး ဆမ်ဘားကို ခေါ်ခဲ့ဖို့ လုပ်ပါတယ်. . . ဒါကလည်း သူ့မှာ ပိုင်ကွက်ရှိလို့ပါ. . .ကူလ်ကာနီရဲ့လက်ထောက်တစ်ယောက်မှာ သားတစ်ယောက်ရှိတော့ အဲ့ဒီကောင်လေးကို ပြန်ပေးဆွဲ ဓားစာခံလုပ်ပြီး မူနာ့ကလပ်မှာထားခဲ့တာပါ ကံဆိုးချင်တော့ သူနဲ့ ဂျာနဗီတို့  ကြိုက်နေကြတယ်ဆိုပြီး ဂိုဏ်းတူအဖွဲ့ သားတွေရဲ့ ကုန်းချောစကားကြောင့် မူနာတစ်ယောက် အူနုကိုကျွဲခတ်ပြီး ဓားစာခံဖမ်းထားတဲ့ ကောင်လေးကို သတ်ပစ်လိုက်တယ် တစ်ဆက်တည်း ဂျေးရဲ့အခန်းထဲမှာ ရှိတဲ့ ဂျာနဗီကိုပါ သတ်ပစ်လိုက်ချိန် အပေးအယူပျက်ပြီး ကူလ်ကာနီတို့ နဲ့ ပစ်ကြခတ်ကြရင်း အိမ်ပြန်ပြေးလာတဲ့ ဂျေးနဲ့ ထိပ်တိုက်တွေ့တော့တာပါပဲ. . . ဂျာနဗီကို ရက်ရက်စက်စက်သတ်နေတာမြင်တော့ ဂျေးတစ်ယောက်ပေါက်ကွဲပြီး မူနာ့ကို သတ်ပစ်လိုက်တယ်. . . ဒီလိုနဲ့ ဂျေးနဲ့ ဘဂဝမ် ထိပ်တိုက်တွေ့ဖို့ အကြောင်းဖန်လာခဲ့တယ်. . . ဂျေးတစ်ယောက် ဘဂဝမ်ရဲ့လက်က ပြေးလို့လွတ်နိုင်မလား ဘဂဝမ်ကရော ဂျေးကို လက်စားချေဖို့ ဘယ်လိုကြိုးစားမလဲဆိုတာ. . .အစကနေ အဆုံးသတ်အထိ တဖြည်းဖြည်းနဲ့ ဆွဲခေါ်သွားမယ့် ကားလေးမို့  မလွတ်တမ်းအားပေးကြဖို့  တိုက်တွန်းလိုက်ကပါကြောင်း. . .

Translated & Reviewed By Myint Thu(ငှက်ကလေး-နည်းပညာ)

Encoded by Thet Paing Oo

 

Panjaa (2011) မြန်မာစာတန်းထိုး
Panjaa (2011) မြန်မာစာတန်းထိုး
Panjaa (2011) မြန်မာစာတန်းထိုး
Original title Panjaa
TMDb Rating 5.5 6 votes

Similar titles

Deep Trap (2015) မြန်မာစာတန်းထိုး
The Bag Man (2014) မြန်မာစာတန်းထိုး
The Old Guard (2020) မြန်မာစာတန်းထိုး
Blood 13 (2018) မြန်မာစာတန်းထိုး
Charlie’s Angels (2000) မြန်မာစာတန်းထိုး
Chinese Peacekeeping forces (China Blue) (2018) မြန်မာစာတန်းထိုး
Hit (2020) မြန်မာစာတန်းထိုး
The Battleship Island (2017) မြန်မာစာတန်းထိုး
Tiger Zinda Hai (2017) မြန်မာစာတန်းထိုး
A Better Tomorrow III: Love and Death in Saigon (1989) မြန်မာစာတန်းထိုး
Kaalai (2008) မြန်မာစာတန်းထိုး
Posham Pa (2019) မြန်မာစာတန်းထိုး