Microhabitat (2017) မြန်မာစာတန်းထိုး

Microhabitat (2017) မြန်မာစာတန်းထိုး

Your rating: 0
0 0 votes
what going on?

Synopsis

အချစ်ရယ် စီးကရက်ရယ် ဝီစကီရယ်
ဘဝမှာ ဒီသုံးမျိုးရှိရင် ပြည့်စုံပြီဆိုတဲ့ အသက် ၃၀ ကျော် အမျိုးသမီးတစ်ယောက်အကြောင်း indie movie ပုံစံ စိတ်ဝင်စားဖွယ် ဖန်တီးပုံဖော်ထားတဲ့ Romance, Comedy, Drama ဇာတ်ကားလေးကို FoF ပရိသတ်တွေအတွက် ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။

IMDb rating 7.4/10 ရရှိထားပြီး ပြည်တွင်းအနုပညာဆုပေါင်း ၁၃ဆု ဆွတ်ခူးထားတာမို့ ကြည့်ရကျိုးနပ်မယ့် ဇာတ်ကားတစ်ကားလို့ recommend ပေးချင်ပါတယ်။

၃နှစ်လုံးလုံး အိမ်အကူလုပ်လာတဲ့ Mi So မှာ အဖော်ပြုစရာဆိုလို့ သူ့ချစ်သူ Han Sol ရယ် ဝီစကီရယ် စီးကရက်ရယ်ပဲ ရှိပါတယ်။ အိမ်အကူအလုပ်ကနေ တစ်ရက်ဒေါ်လာ ၄၀ပဲ ဝင်ငွေရပေမယ့် သူ့ဘဝကိုသူ ရောင့်ရဲတင်းတိမ်ပြီး ရှိတာလေးနဲ့ စိတ်ချမ်းသာအောင် နေနိုင်ခဲ့ပါတယ်။

Han Sol က webtoon writer ဖြစ်ဖို့ ကြိုးစားနေချိန်မှာ Mi So ကတော့ ရည်မှန်းချက်ပန်းတိုင် မယ်မယ်ရရမရှိတဲ့အပြင် တစ်နေ့စာတစ်နေ့ လောက်အောင်ရှာဖို့ပဲ စိတ်ကူးရှိသူပါ။

အဲလောက်ထိ ပူပင်ကြောင့်ကြကင်းကင်း နေလာခဲ့တဲ့ သူ့ဘဝမှာ စီးကရက်ဈေးတွေ အဆမတန် ထိုးတက်သွားတဲ့နေ့က ဗျာအများရဆုံးနေ့ပါပဲ။

ဒါပေမယ့် ကျွန်တော်တို့ရဲ့ ဇာတ်လိုက်ကျော် Mi So က လွယ်လွယ်လက်လျှော့တတ်သူ မဟုတ်ပါဘူး။

သူ့ဘဝအဖော်မွန် သုံးခုထဲက တစ်ခုဖြစ်တဲ့ စီးကရက်အပေါ် သစ္စာရှိဖို့အရေး လက်ရှိနေတဲ့အိမ်ကို စွန့်လွှတ်ပြီး ညအိပ်ညနေ ကျောတစ်ခင်းစာအတွက် မိတ်ဆွေဟောင်းတွေကို အပူကပ်ပါတော့တယ်။

File Size : 761 MB

Quality : HD-Rip 1280×696

Running Time : 1hr 46min

Format : Mp4

Subtitle : Myanmar

Review : May Myat Thu

Translate : Su Myat Moe Lwin

Encode : Wai Linn Kyaw

Director

Director

Cast

Similar titles

The Keeper (2018) မြန်မာစာတန်းထိုး
Homme Fatale (2019) မြန်မာစာတန်းထိုး
Legend of Eight Samurai (1983) မြန်​မာစာတန်းထိုး
Baghban (2003) မြန်မာစာတန်းထိုး
John Henry (2020) မြန်မာစာတန်းထိုး
Overlord (2018) BluRay 1080p မြန်မာစာတန်းထိုး
Dangal (2016) မြန်မာစာတန်းထိုး
The Martian (2015) မြန်မာစာတန်းထိုး
The Bride with White Hair (1993) မြန်မာစာတန်းထိုး
Double Lover (2017) မြန်မာစာတန်းထိုး
Ashes in the Snow (2018) မြန်မာစာတန်းထိုး
The Girl in the Spider’s Web (2018) မြန်မာစာတန်းထိုး