Video Sources 2240 Views

  • Watch traileryoutube.com
Mara (2018) မြန်​မာစာတန်းထိုး

Mara (2018) မြန်​မာစာတန်းထိုး

Whatever You Do, Do Not Sleep.Sep. 06, 2018100 Min.
Your rating: 0
0 0 votes
what going on?

Synopsis

Mara (2018) မြန်​မာစာတန်းထိုး

Mara (2018) သည် IMDb 5.1/10 Metacritic 81% Filmweb 5.6/10 Google users 83% ဒါရိုက်တာ Clive Tonge က ရိုက်ကူးထား၍  Jonathan Frank, Jonathan Frank တို့က ဇာတ်လမ်းဇာတ်ညွှန်းရေးသားကာ သရုပ်ဆောင် Olga Kurylenko, Craig Conway, Javier Botet တို့ ပါဝင်သရုပ်ဆောင်ထားသော | Crime, Horror, Thriller ဇာတ်ကားကောင်းတစ်ကား ဖြစ်တဲ့အတွက် ချစ်ခြင်းအားဖြင့် တင်ဆက်လိုက်ပါရစေ…

Mara

မှုခင်းစိတ်ပညာရှင် Kate Fuller ဟာ လူသတ်မှုကျူးလွန်ခဲ့တဲ့

 တရားခံအမျိုးသမီးတစ်ယောက်ကို စစ်ဆေးမေးမြန်းဖို့ တာဝန်ပေးခြင်းခံခဲ့ရပါတယ်။

အဲဒီ့အမျိုးသမီးက ကိုယ့်ခင်ပွန်းကိုယ် အိပ်ပျော်နေတုန်း သတ်ပစ်ခဲ့သူဖြစ်ပြီး ဒီအမှုမှာ မျက်မြင်သက်သေဆိုလို့ သူတို့ဇနီးမောင်နှံရဲ့ အသက် ၈နှစ်အရွယ်သမီးလေး Sophie တစ်ယောက်သာ ရှိခဲ့ပါတယ်။

Sophie ကို မေးမြန်းတဲ့အခါ သူ့အဖေကို Mara က သတ်သွားတယ်လို့ပဲ

အခိုင်အမာပြောနေခဲ့ပါတယ်။ Kate တစ်ယောက် အမှုနောက်ကွယ်က အဖြစ်အပျက်တွေကို တစ်စဆီတူးဖော်ဆွဲထုတ်ရင်း လူတွေအိပ်မောကျနေချိန်မှာ ခြောက်လှန့်နှိပ်စက်ပြီး

အသက်ပါနုတ်ယူတတ်တဲ့ နတ်ဆိုးတစ်ကောင်အကြောင်း သိလာခဲ့ပါတယ်။

ဒါပေမယ့် တစ်ချိန်ထဲမှာပဲ သူကိုယ်တိုင် အိပ်ပျော်နေတုန်း ဘီလူးစီးသလို

 ခံစားချက်မျိုးတွေ ကြုံလာရပြီး ထိတ်လန့်ခြောက်ခြားစရာ အိပ်မက်ဆိုးတွေ မက်လာတဲ့အခါ…..

နောက်တစ်ဖန်အိပ်မောကျပြီး နတ်ဆိုးရဲ့သတ်ကွင်းထဲ ရောက်မသွားခင် သူကိုယ်တိုင်ရော Sophie ပါ အသက်ဘေးလွတ်ဖို့ အပြင်းအထန်ကြိုးစားရပါတော့တယ်

Anglo-Saxon နဲ့ ရှေးဟောင်း Norse ဒဏ္ဍာရီတွေအရ Mara ဆိုတာ

 အိပ်ပျော်နေတဲ့လူတွေရဲ့ ရင်ဘတ်ပေါ်တက်ထိုင်ပြီး

အိပ်မက်ဆိုးတွေမက်အောင်ဖန်တီးတဲ့ နတ်ဆိုးတစ်ကောင် ဖြစ်ပါတယ်။

Nightmare (အိပ်မက်ဆိုး၊ ထမင်းလုံးတစ္ဆေခြောက်ခြင်း) ဆိုတဲ့စကားလုံးက “mare” ဟာ “mara” ကို ရည်ညွှန်းတယ်လို့ သိရပါတယ်။

ဆိုတော့ကာ ဒါရိုက်တာ Clive Tonge ရိုက်ကူးပြီး Olga Kurylenko, Javier Botet, Mackenzie Imsand တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ ဒီ Crime, Thriller, Horror ဇာတ်ကားကို အိပ်မက်ထဲမှာ Mara နဲ့ တွေ့လိုတွေ့ညား ညအိပ်ခါနီးလေး ကြည့်လိုက်ကြပါဦးလို့ ?

Reviewed by May Myat Thu

Translated by Aye Pyae Pyae Thant

Encoded by Win Kyaw Thu

1080p  Bluray 752.34 MB (Openload)

 

Mara (2018) မြန်​မာစာတန်းထိုး
Mara (2018) မြန်​မာစာတန်းထိုး
Original title Mara
TMDb Rating 5.1 38 votes

Similar titles

Cyborg (1989) မြန်မာစာတန်းထိုး
Fantasy Island (2020) မြန်မာစာတန်းထိုး
Joker (2019) မြန်မာစာတန်းထိုး
The Fate of the Furious (2017) မြန်မာစာတန်းထိုး
Replicant (2001) မြန်မာစာတန်းထိုး
Jessie (2019) မြန်မာစာတန်းထိုး
Dawn of the Planet of the Apes (2014) မြန်မာစာတန်းထိုး
Vikram Vedha (2017) မြန်မာစာတန်းထိုး
Robert and the Toymaker (2017) မြန်မာစာတန်းထိုး
The Medallion(2003) မြန်​မာစာတန်းထိုး
9 (2009) မြန်မာစာတန်းထိုး
Trace (2015) မြန်မာစာတန်းထိုး