Lost, Found (2018) မြန်မာစာတန်းထိုး

Lost, Found (2018) မြန်မာစာတန်းထိုး

Your rating: 0
0 0 votes
what going on?

Synopsis

Name: Lost, Found (2018)

Genre: Drama,  Mystery

Casts: Yao Chen, Yili Ma

2016 က ထွက်ရှိခဲ့တဲ့ Gong Hyo Jin နဲ့ Uhm Ji-Won တို့ရဲ့ Missing ဆိုနဲ့ ကိုးရီးယားကားလေးကို ပြန်ရိုက်ထားတဲ့ တရုတ်ကားပါ။ ကိုးရီးယားကိုအရမ်းကြိုက်ခဲ့တာမို့ ဒီကားကိုလည်းတော်တော် စိတ်ဝင်စားနေခဲ့ပါတယ်။

ဇာတ်လမ်းအကျဉ်းလေးက

လီကျီဟာရှေ့နေတစ်ယောက်ဖြစ်ပြီး ခင်ပွန်းနဲ့ကွာရှင်းထားသူပါ။ တစ်နှစ်ဝန်းကျင်သမီးလေးကို အုပ်ထိန်းခွင့်အတွက် ခင်ပွန်းဟောင်းနဲ့ တရားရင်ဆိုင်နေရတာပါ။ လက်ရှိမှာ သမီးလေးကသူနဲ့အတူတူနေနေပြီး ထိန်းသိမ်းစောင့်ရှောက်ရာမှာ အမှားမရှိအောင်နေနေရပါတယ်။ အလုပ်လုပ်နေပြီးတစ်ကိုယ်တည်းနေတာဖြစ်တဲ့အတွက် သမီးလေးကို ကလေးထိန်းနဲ့ထားရပါတယ်။ ကလေးထိန်းကြောင့်သမီးလေး မတော်တဆဖြစ်လို့ ကလေးထိန်းအသစ်ရှာရာမှ စန်းဖန်ဆိုတဲ့မိန်းကလေးတစ်ဦး ကလေးထိန်းအဖြစ်ရောက်ရှိလာခဲ့ပါတယ်။ ကလေးထိန်းရာမှာအရမ်းတော်ပြီး သူ့သမီးလေးလိုအရမ်းဂရုစိုက်တဲ့အတွက် လီကျီဟာအရမ်းသဘောကျခဲ့ပါတယ်။ လအနည်းငယ်ကြာပြီးနောက် ကလေးကိုဆန်းဖန်နဲ့ စိတ်ချလက်ချ ထားခဲ့လို့တောင်ရပါပြီ။ တစ်ရက်လီကျီအလုပ်ကပြန်လာတဲ့အခါ ဆန်းဖန်ရောသူ့ရဲ့သမီးလေးပါ ပျောက်ဆုံးနေပါတယ်။ ရဲကိုအကြောင်းကြားပြီးလိုက်ရှာပေမယ့်လို့ အိမ်မှမနေနိုင်တဲ့သူ့အတွက် ကိုယ်တိုင်လိုက်ရှာဖွေစုံစမ်းခဲ့ပါတယ်။ ဆန်းဖန်ရဲ့ဘဝဇာတ်ကြောင်းတွေကို စုံစမ်းရင်းသိရှိလာတဲ့အခါ…

သူ့ရဲ့နောက်ခံဇာတ်လမ်းကို သိချင်လာအောင်တစ်ဖြည်းဖြည်းဆွဲခေါ်သွားမယ့် စိတ်ဝင်စားဖွယ် မိခင်မေတ္တာဇာတ်လမ်းလေးပါ။

Reviewed by Yuzananyii

Translated by ,Zalat Phyu Myint

.

Director

Director

Cast

Similar titles