John Wick (2014) မြန်မာစာတန်းထိုး

John Wick (2014) မြန်မာစာတန်းထိုး

Your rating: 0
5 1 vote
what going on?

Synopsis

John Wick (2014)

Overview
John Wick ဆိုတာ မိန်းမဆုံးသွားလို့ စိတ်ပျက်လက်ပျက်နဲ့ ဦးတည်ချက်မဲ့နေတဲ့လူတစ်ယောက်။ မိန်းမ မသေခင်ပေးသွားတဲ့ နောက်ဆုံးလက်ဆောင် ခွေးကလေးတစ်ကောင်နဲ့ ဘဝကို ပုံမှန်ဖြစ်အောင်ပြန်လုပ်နေတုန်းမှာ တစ်ရက် လမ်းမှာတွေ့တဲ့ လူမိုက်ခေါင်းဆောင်ရဲ့သားနဲ့ အပေါင်းအပါတွေက သူ့ကားကိုသဘောကျလို့ ဝယ်မယ်ပြောတယ်။ မရောင်းဘူးပြောလို့ ညဘက်အိမ်ဖောက်ဝင်ပြီး John Wick ကိုရိုက်၊ ခွေးကိုသတ်ပြီး ကားကိုယူသွားတယ်။ နောက်မှသိလိုက်ရတာက John Wick ဆိုတာ နာမည်ကြားရုံနဲ့တင် ရဲတွေတောင် ကြောက်နေရတဲ့လူ Retire လုပ်သွားတဲ့ Assassin ဖြစ်နေတယ်။ ဒါပေမဲ့ အားလုံးနောက်ကျသွားပါပြီ။ ကိုယ်အရမ်းချစ်ရတဲ့ မိန်းမ မသေခင်ပေးသွားတဲ့ သူ့ကိုယ်ပွားလေးဖြစ်တဲ့ ခွေးကိုသတ်သွားလို့ John Wick တစ်ယောက် Personal တွေဝင်ပြီး လက်စားပြန်ချေပါတော့တယ်။

Spoiler Review

John Wick က မိန်းမသေသွားလို့ ဘဝပျက်သလိုဖြစ်နေတဲ့လူ။ ဒါပေမဲ့ သူ့မိန်းမ မသေခင်က သူ့ဆီပို့ခိုင်းထားတဲ့ Daisy ဆိုတဲ့ခွေးကလေးတစ်ကောင် သူ့ဆီရောက်လာတဲ့အချိန်မှာ အားလုံးပြောင်းလဲသွားပါတယ်။ “သူမရှိတဲ့အချိန်မှာ အဖေါ်ပြုဖို့” ဆိုပြီးပြောလို့ John Wick တစ်ယောက် အရမ်းစိတ်ထိခိုက်ပြီး ပျော်လည်းပျော်မှာပေါ့။ ဒီလိုနဲ့ နောက်နေ့ သူ့ ’69 ခုနစ်ထုတ် Mustang ကားနဲ့ အပြင်သွားတယ်။ ဆီဖြည့်နေတုန်းမှာ Russia လိုပြောတဲ့ ကောင်လေးတွေလည်း ကားဆီလာဖြည့်တယ်။ အဲဒီမှာ တစ်ယောက်က ကားကိုသဘောကျလို့ ဘယ်လောက်လဲလို့မေးတယ်။ “ရောင်းဖို့မဟုတ်ဘူး” တဲ့။ ဒါနဲ့ သိပ်မကျေနပ်တဲ့ကောင်လေးက ခွေးကိုတွေ့လို့ ခွေးကိုပြောသလိုလိုနဲ့ Russia လို John ကို ဆဲပါတယ်။ John ကလည်း Russia လိုပြန်ဆဲပါတယ်။ ဒါကိုမကျေနပ်လို့ ညကျတော့ John အိမ်ကိုဝင်ဖောက်၊ ခွေးကိုသတ်ပြီး ကားကိုမသွားပါတယ်။ ပြီးတော့ ကား ဝပ်ရှော့ကိုသွားပြီး ကားအတွက် နံပါတ်အသစ်နဲ့ စာရွက်စာတမ်းတွေလိုချင်တယ်ဆိုပြီးပြောပါတယ်။ အဲမှာ ဝပ်ရှော့ဆရာက ကားကိုပြန်ယူသွားဆိုပြီး ရိုက်လွှတ်ပါလေရော။ ခဏနေတော့ သူ့အဖေ Russia Mafia ခေါင်းဆောင်က ဖုန်းဆက်ပြီး သူ့သားကို ဘာလို့ထိုးတာလဲလို့မေးတယ်။ “မင်းသားက John Wick ရဲ့ကားကိုခိုးပြီး သူ့ခွေးကိုပါသတ်လာတယ်” လို့ပြောလိုက်တာနဲ့ “oh” လို့ပဲပြောပြီး ဖုန်းချသွားရှာပါတယ်။ နောက်မှ သူ့သားကိုတွေ့တော့ ထိုးကျိတ်ပြီးပြောပြပါတယ်။ John Wick ဆိုတာ အရင်တုန်းက အရမ်းကြမ်းကြုတ်တဲ့ လူသတ်သမား။ သူတို့နဲ့တွဲလုပ်ဖူးတယ်။ နောက်မှ သူမိန်းမတစ်ယောက်ကြောင့် အလုပ်ထွက်သွားတဲ့လူ။ သူ မင်းကိုလာရှာမှာပဲ။ အဲအချိန်ကျရင် မင်းဘာမှလုပ်မှာမဟုတ်ဘူး။ ဘာဖြစ်လို့ဆို မင်းဘာမှလုပ်နိုင်မှာမဟုတ်လို့ပဲ တဲ့။ (အဲလောက်ကို ကြမ်းတယ်ဟ)

Plot and Execution
John Wick ဇာတ်လမ်းက story ပိုင်းဆို ဘာမှမရှိဘူး။ Overview မှာ ပြောခဲ့သလိုပဲ သူ့မိန်းမပေးခဲ့တဲ့ ခွေးကိုသတ်သွားလို့ လက်စားပြန်ချေတာ။ ဒါပဲ။ ဘာ လှည့်ကွက် ဘာမထာမှမပါဘူး။ ဒါပေမဲ့ အထဲက တချို့ ဟာလေတွေက တော်တော်မိုက်တယ်။ ဥပမာ Continental (သူတို့ hitman တွေ Mob တွေရဲ့ အဖွဲ့အစည်းဖြစ်မယ်) ဆိုတဲ့ ဟိုတယ်။ John တို့လို hitman တွေဘာတွေ တည်းတဲ့ အနားယူတဲ့နေရာ။ ပေးရတာ ပိုက်ဆံ Dollar မဟုတ်ဘူး။ သူတို့ပဲသုံးတဲ့ Coin သက်သက်ရှိတယ်။ နောက် သူတို့မှာလည်း Rule ရှိတယ်။ ဘယ်သူမှ ဒီ Contentinal ဧရိယာမှာ business မလုပ်ရဘူး (လူမသတ်ရဘူးလို့ပြောတာ)။ လုပ်ရင် Management က ပြင်းပြင်းထန်ထန် အရေးယူမယ် (တကယ်လည်းလုပ်ပါတယ်)။ Action အသားပေးကားမို့လို့ ရိုက်ချက်တွေက တော်တော်မိုက်တယ်။ ပစ်ခန်းခတ်ခန်းတွေဆို အရမ်းမိုတ်တယ်။ တခြားကားတွေလို မင်းသားက အရမ်းကြီးတော်တတ်ပြီး ဘယ်လိုပစ်ပစ်ထိနေတာမျိုးထက် ပိုပြီး သဘာဝကျအောင် ရိုက်ပြထားတယ်။ ဒီကားကိုကြည့်ရင် ဘာကိုတွေးမိသလဲဆို Matrix နဲ့ Equilibrium နှစ်ကားရောထားသလိုပဲလို့။ တစ်ခန်းကြိုက်တာက John တစ်ယောက် သူ့ကားကိုခိုးသွားတဲ့အပြင် ကျန်တဲ့ကားတစ်စီးကိုပါ ဖျက်ဆီးသွားလို့ စီးစရာကားမရှိတော့ ကားဝပ်ရှော့ကို လိုင်းကားစီးသွားတာပါ။ တခြားကားတွေဆို ဘယ်လိုရောက်သွားမှန်းမသိ (တစ်ချို့က လမ်းမှာတွေ့တဲ့ကားလုစီး၊ တစ်ချို့က ဘယ်ကကားတစ်စီးရောက်လာမှန်းမသိ)။

Visual and Sound effect
ရိုက်သွားတာက effect ထူးထူးခြားခြား သိပ်မပါဘူး။ ဒီအတိုင်း သေနတ်နဲ့ပစ်တာ ကားထပေါက်တာလောက်ပဲ ပါတယ်။ ဘာမှတော့ပြောစရာမရှိဘူး ဒါပေမဲ့ သေနတ်နဲ့ပစ်တာ တစ်ချို့အခန်းတွေမှာ နည်းနည်းသိသာနေသလိုပဲ ဆွဲထားမှန်း။ အသံပိုင်းကလည်း ပြောစရာမရှိ။ Club ထဲမှာ သတ်တဲ့အခါ အသံတွေဝါးသွားတာ သီချင်းသံအရမ်းကျယ်တာတွေကတော့ မိုက်တယ်။

Acting
Keanu Reeves ကို Matrix နောက်ပိုင်း ဘယ်ကားမှာမှ မကြည့်ဖူးပေမဲ့ ဒီကားမှာတော့ အရမ်းသဘောကျတယ်။ (တော်တော်များများလည်း ပြောတယ် အဲဒီလို)။ သူ့စကားပြောတာတွေဘာတွေ သိပ်မပါပေမဲ့ မျက်နှာထားတို့ နောက် Action ခန်းတွေဆို တော်တော်မိုက်တယ်။ နောက် Russia Mob လုပ်တဲ့ Michael Nyqvist (နာမည်ဘယ်လိုခေါ်လည်းတော့မသိ) ကိုလည်းကြိုက်တယ်။

Conclusion
John Wick က ဇာတ်လမ်းသိပ်မရှိဘူး။ Old fashion revenge ပဲ။ ကြိုက်တဲ့အချက်တွေက တခြားကားတွေလို ဇာတ်လိုက်ကို အရမ်းကြီးအမွှန်းမတင်ထားဘူး။ ဆိုလိုတာ တခြားကားတွေဆို ဟုတ်တယ် ဒီကောင်ကအရမ်းကြမ်းတာ ဆိုပြီး ပြော။ နောက် ဇာတ်လိုက်က အဲလောက်လည်းမဟုတ်။ တစ်ချိုကကားတွေဆို ဟုတ်တယ် မင်းသားကြမ်းတယ်။ သုံးတဲ့ပစ္စည်းတွေက အုတ်ဖေါက်မြင်ရတဲ့ဟာတွေ၊ လေဆာတွေနဲ့ ဘာတွေမှန်းကိုမသိဘူး။ ဒီကားမှာအဲလိုမဟုတ်ဘူ။ John ကြမ်းတယ်။ တကယ်လည်း ကြမ်းတယ်။ နောက် ဘာမှမသုံးဘူး။ Pistol ပဲသုံးတယ်။ John Wick က ဇာတ်လမ်းဇာတ်အိမ် ဆန်းဆန်းတွေနဲ့ မနိုင်မနင်းလုပ်မထားဘူး။ Action ကားကြည့်ချင်လား။ ဆိုရင် ကြည့်သင့်တဲ့ကား။

 

Review : Datshin

 

 

 

Director

Director

Cast

Similar titles

Maleficent (2014) မြန်မာစာတန်းထိုး
Mechanic Resurrection (2016) မြန်မာစာတန်းထိုး
Now You See Me (2013) မြန်​မာစာတန်းထိုး
Illang: The Wolf Brigade (2018) မြန်​မာစာတန်းထိုး
Siam Square (2017) မြန်မာစာတန်းထိုး
Dark Phoenix (2019) မြန်မာစာတန်းထိုး
Terminator Genisys (2015) မြန်မာစာတန်းထိုး
Dhruva (2016) မြန်မာစာတန်းထိုး
Extraordinary Mission (2017) မြန်မာစာတန်းထိုး
Mission: Impossible – Fallout (2018) မြန်မာစာတန်းထိုး
No Mercy (2019) 720p & 1080p မြန်မာစာတန်းထိုး
Rabhasa (2014) မြန်မာစာတန်းထိုး