God of Gamblers Part III: Back to Shanghai (1991) မြန်မာစာတန်းထိုး

God of Gamblers Part III: Back to Shanghai (1991) မြန်မာစာတန်းထိုး

Your rating: 0
0 0 votes
what going on?

Synopsis

God of gambler 3:Back to Shanghai (1991)1080P

ဒီအပတ်ထပ်မံတင်ဆက်ပေးမယ် စတီဗင်ချောင် ကားတွဲလေးကG O G 2အပြီး တနှစ်အကြာ  22 /8/  1991 ကထွက်ရှိထားတဲ့ God of Gamblers- 3 ဇာတ်ကားလေးပါ ဒီဇာတ်ကားလေးက action comedy အမျိုးအစား ဖြစ်ပြီး ဒါရိုက်တာကြီး Wong Jing ရိုက်ကူးပေးထားတာပါဒီ Gog 3 မှာတော့ Back to Shanghai ဆိုတဲ့အတိုင်း ဟောင်ကောင် ကနေ ရှန်ဟိုင်း ကို ‌ခေတ်တကြော့ပြန် ရောက်သွားတဲ့ Star Chow အကြောင်းကို ရိုက်ကူးထားပါတယ်။ Gog 2 က Andy Lau နှင့် Sharla Cheung ကတော့ ဒီကားမှာ ပြန်လည္ပါဝင်မှာ မဟုတ်တော့ပါဘူး။☹️

Plot•

ပြီးခဲ့တဲ့ Gog2 မှာ လောင်းကစား လူစွမ်းကောင်း ဆုကို “ချောင်စင်းချို” က “အန်ဒီလောင်း” နဲ့ အတူ သိမ်းပိုက် နိုင်ခဲ့ပြီး လူဆိုး ”တဖက်ကန်းထိုက်ခွန်း” ကတော့ ရှုံးနိမ့်ခဲ့ပါတယ်။ ဒီအခါမှာတော့ ”ထိုက်ခွန်း” ဟာ သူတစ်ယောက်တည်းစွမ်းအားဖြင့် မနိုင်တာကြောင့် စိတ်စွမ်းအင် Team တစ်ခုဖွဲ့ပြီး “ချောင်စင်းချို” ကို ပြန်လည် လက်စားချေဖို့ ပေါ်ပေါက်လာ ပါ တော့တယ်။

ဒီလိုနဲ့ “ထိုက်ခွန်း” တို့အဖွဲ့နဲ့ “ချောင်စင်းချို” တို့ ချနှပ်ကြရင်း စွမ်းအားများပေါင်းစည်းကာ သူတို့နှစ်ယောက်လုံး 1991 ဟောင်ကောင်မှ 1937 ရှန်ဟိုင်းခေတ်သို့ အချိန် နောက်ပြန် ရောက်ရှိသွားပါတော့တယ်။

1937 ခုနှစ် ရှန်ဟိုင်းမှာ ဂိုဏ်းများဖြင့်ရှုတ်ထွေးနေတဲ့ကာလဖြစ်ပြီး ဟိုင်မန်ကျင်း နှင့် ဒီလစ်တို့ ကြီးစိုးရာ ကာလတစ်ခုလဲဖြစ်ပါတယ်။ ဟိုင်မန်ကျန်းအဖွဲ့မှ ခေါင်းဆောင်ဖြစ်သူ “ထိုက်လျှို” ကို “ချောင်” ကသူ့လက်သီးစွမ်းအားဖြင့် သတ်မိရာကနေ “မစ္စတာဒီလစ်” ဂိုဏ်း ရဲ့ အဆွေတော်ဖြစ်လာပါတယ်။ “ဒီလစ်” ဟာလောင်းကစားရုံတစ်ခုဖွင့်ထားပြီး ”၀မ်ကန်းခိုင်” ဆိုတဲ့အဖွဲ့နဲ့ အာဏာ၊စီးပွားရေး ပြိုင်ဆိုင်နေသူပါ။ ထူးဆန်းစွာဖြင့် “တဖက်ကန်းထိုက်ခွန်း” ဟာ ဒီလစ်ရဲ့ပြိုင်ဖက်ဖြစ်တဲ့ “၀မ်ကန်းခိုင်” ဂိုဏ်း မှာ ဖောက်ထွင်း မျက်စိစွမ်းအင်ဖြင့် အသုံးချကူညီပေးနေပါတော့တယ်။

ဒီလိုနဲ့ “ချောင်” နှင့် “ထိုက်ခွန်း” တို့တဖန်ပြန်လည် ဆုံမိရာကနေ စွမ်းအင်ခြင်းဘယ်လိုပြိုင်ကြမလဲ? လောင်းကစားမှာကော ဘယ်သူနိုင်ဦးမလဲ? ဆိုတာတွေ… 1991 ဟောင်ကောင်ကို ပြန်ဖို့ ဘယ်လိုလုပ်ဆောင်ကြမလဲ ? ဆိုတာကိုပါ ကြည့်ရူရမယ့် Comedy/Fantasy ဇာတ်ကား ကောင်း တစ်ခုဖြစ်ပါတယ်။ဒါတင်မကသေးပါဘူး။ “ချောင်” ရဲ့ ပုံရိပ်အတိုင်း ၀န်ကြီးချုပ်သမီးချောလေး နဲ့ နှလုံးချင်းနီး ကြရာကနေ ရှုတ်ထွေးတဲ့ အချစ်၊အာဏာလှည့်ကွက်ကြားထဲ ရောက်ရှိသွားပါတော့တယ်။

မင်းသမီး အနေဖြင့် နာမည်ကျော်မင်းသမီး Gong Li နှင့် Sandra Ng တို့ က ပါဝင်ထားပါတယ်။

IMDb 6.1/10

Box office: HK$31,363,730

Reviews Thiha Zaw Htet (stephen chow movies & knowledge)

Translated by Nyi Nyi Naing(Sc Channel)

Encoder :  Win Kyaw Thu

Subtitle myanmar Subtitle (Hard sub)

Director

Director

Cast

Similar titles

Coolie (1983) မြန်မာစာတန်းထိုး
Microhabitat (2017) မြန်မာစာတန်းထိုး
Ajji (2017) မြန်မာစာတန်းထိုး
Killing Gunther (2017) မြန်မာစာတန်းထိုး
Missing Link (2019) မြန်မာစာတန်းထိုး
The Lucky Guy (1998) မြန်မာစာတန်းထိုး
The Hangover Part II (2011) မြန်မာစာတန်းထိုး(၁၈+)
Overman (2015) မြန်မာစာတန်းထိုး
Sniper (1993) မြန်မာစာတန်းထိုး
Creed II (2018) မြန်မာစာတန်းထိုး
Tere Naal Love Ho Gaya (2012) မြန်မာစာတန်းထိုး
Memories of the Sword (2015) မြန်မာစာတန်းထိုး