Gate (2018) မြန်မာစာတန်းထိုး

Gate (2018) မြန်မာစာတန်းထိုး

Your rating: 0
10 1 vote
what going on?

Synopsis

ဒီတစ်ခါတော့ပရိတ်သတ်ကြီးအတွတ် ပေါ့ပေါ့ပါးပါးပျော်စရာဇာတ်မြူးကားလေးတစ်ကားတင်ဆက်ပေးချင်ပါတယ်

ဒီဇာတ်ကားမှာ အဓိကပါဝင်တဲ့ဇာတ်ဆောင်တွေကတော့ သတ်လတ်ပိုင်းအမျိုးသားတစ်ဦးနဲ့ သူ့အိမ်နီးချင်းအမျိုးသမီးတစ်ဦးတို့ဖြစ်ပြီး ။ သူတို့နဲ့ပတ်သက်သူတွေရဲ့ပြဿနာကိုလိုက်ဖြေရှင်းပေးရင်းရယ်စရာနဲ့စိတ်ပျက်စရာအလွဲလေးတွေကြုံတွေ့ရတဲ့အကြောင်းပါ
။ ဂွမ်ချန်းဆိုတဲ့အမျိုးသားဟာ accident တစ်ခုကြောင့်အတိတ်မေ့သွားကာ ရှောင်အူဆိုတဲ့အမျိုးသမီးရဲ့အိမ်ဘေးကိုလာရောက်နေထိုင်ပါတယ်။

ဂွမ်ချန်းဟာစုံစမ်းစစ်ဆေးရေးမှူး တစ်ဦးဖြစ်ပေမယ့် သူ့ကိုယ်သူဘာလုပ်လဲဆိုတာ မမှတ်မိတော့တာကြောင့် ကြုံရာအလုပ်တွေလျောက်လုပ်နေပါတော့တယ် ။ သူ့ရဲ့အိမ်နီးချင်းအမျိုးသမီး ရှောင်အူကတော့ အလုပ်​အကိုင်​​တွေ ဘာလုပ်​လုပ်​ အဆင်​မ​ပြေခဲ့ပါဘူး ။ တစ်ရက် သူမသူငယ်ချင်းအကြွေးတောင်းခံရတဲ့ကိစ္စကိုဝင်ဖြေရှင်းကူညီရင်း အခက်တွေ့ပါတော့တယ် ။

သူမသူငယ်ချင်းဟာ gangsterလူမိုက်ဆီကငွေချေးပြီး ပြန်မဆပ်နိုင်တော့ လူမိုက်တွေရဲ့အကြမ်းဖက်အကြွေးတောင်းမှုကိုခံနေရတဲ့အချိန် ရှောင်အူကကြားဝင်ဖြန်ဖြေတဲ့အခါ လူမိုက်ခေါင်းဆောင်က ရှောင်အူကိုသဘောကျပြီး သူနဲ့တွဲရင် အကြွေးတွေအတွက် အချိန်ပိုပေးမယ်လျော့ပေါ့ပေးမယ်စသည်ဖြင့်ပြောပါတယ် ။

ဒါပေမယ့်ရှောင်အူကငြင်းဆန်လိုက်တဲ့အခါမှာ လူမိုက်ခေါင်းဆောင် ဒေါသထွက်သွားပြီး အကြွေးတွေကိုချက်​ချင်း ပြန်ဆပ်ရမယ် ။ ချက်​ချင်းမ​ပေးရင်​ သတ်​မယ်​ဆိုပြီးဆိုကာပြန်သွားခဲ့ပါတယ်
။ အဲ့နောက် ရှောင်အူ အိမ်ကိုရှောင်အူရဲ့အဖေ ရောက်လာပါတယ် ။ ရှောင်အူရဲ့အဖေက ခြေဆော့လက်ဆော့ရှိတဲ့ သူခိုး၊ ခါးပိုက်နှိုက်၊ ဖောက်ထွင်းစတဲ့အလုပ်တွေ လုပ်ကိုင်တဲ့သူတစ်ယောက်ပါ ။ သူမအဖေအကြောင်းကိုသိတဲ့ရှောင်အူဟာ သူမအ​ဖေကို မုန်း​သော​ကြောင့်​ သူမအဖေကိုအိမ်မှာလက်မခံပါဘူး ။

ဒါကြောင့်သူမအဖေက အိမ်နီးနားချင်းအမျိုးသားဂွမ်ချန်းရဲ့အိမ်မှာ လခပေးနေမယ်ဆိုပြီးဂွမ်ချန်းအိမ်မှာနေပါတော့တယ် ။ ရှောင်အူအဖေဟာ ဂွမ်ချန်းရဲ့ပိုက်ဆံတွေကိုခိုးယူပြီးဂွမ်ချန်းကိုအိမ်လခပြန်ပေးပါတယ် ။ ဂွမ်ချန်းကတော့မသိရှာပါဘူး ။ တစ်နေ့ရှောင်အူအဖေက သူ့တပည့်နဲ့ဖောက်ထွင်းဒုစရိုက်အလုပ်လုပ်ဖို့အစီစဉ်တစ်ခုလုပ်နေတာကို ဂွမ်ချန်းရိပ်မိသွားပြီး သမီးဖြစ်သူရှောင်အူကိုသွားအသိပေးပါတယ် ။ ရှောင်အူကလဲတစ်လပြည့်တော့မှာမို့အကြွေးကိစ္စအတွက်စိတ်ညစ်နေချိန်မှာ အဲ့လိုကြားလိုက်ရတော့ သူမအဖေကို ဒေါသတွေထွက်ပြီး အရွဲ့တိုက်ကာ အစီစဉ်မှာ သူမပါပါဝင်မယ်ဆိုပြီး ပြောကာအစီစဉ်စပါတော့တယ် ။

အိမ်ရှင်ဂွမ်ချန်းလဲအခုအစီစဉ်မှာပါဝင်လာပြီး သူတို့​တွေအကုန်(သူမသူငယ်​ချင်းနဲ့ ​ကောင်​​လေးတ​ယောက်​ အပါအဝင်​) ဖောက်ထွင်းဖို့စီစဉ်တဲ့အခါမှာ ဘယ်သူ့အိမ်ကိုဖောက်ထွင်းရမလဲတိုင်ပင်ကြရင်းနောက်ဆုံး အကြွေးဆပ်ရမယ့်လူမိုက်ခေါင်းဆောင်အိမ်ကို ဖောက်ထွင်းဖို့ဆုံးဖြတ်လိုက်ကြပါတော့တယ် ။

အဲ့နောက်ဖောက်ထွင်းတဲ့အခါ ဘာတွေဆက်ဖြစ်မလဲ …. ဘယ်လိုတွေလွဲကြမလဲ … ရှောင်အူကောအကြွေးဆပ်နိုင်သွားမလား …. ဂွမ်ချန်းကကောသူ့ကိုယ်သူစုံစမ်းစစ်ဆေးရေးမှူးဆိုတာပြန်သတိရမှာလား …. ဆိုတာကိုတော့ … ချစ်ပရိတ်သတ်ကြီးကပဲ ဆက်လက်ကြည့်ရှုအားပေးလိုက်ပါအုံးရှင် ….

Review & Translate : Hsu Myat Moe Lwin

Encode : Phyo

Director

Director

Cast

Similar titles

Escape Room (2019) မြန်မာစာတန်းထိုး
24 Hours to Live (2017) မြန်မာစာတန်းထိုး
Enter the Dragon (1973) မြန်မာစာတန်းထိုး
Allu Ramendran (2019) မြန်မာစာတန်းထိုး
The princess’s prisoner of war မြန်မာစာတန်းထိုး
Start-Up (2019) မြန်မာစာတန်းထိုး
Bohemian Rhapsody (2018) WEB-DL 6CH မြန်မာစာတန်းထိုး
War for the Planet of the Apes (2017) မြန်မာစာတန်းထိုး
Singam (2010) မြန်မာစာတန်းထိုး
Chennai Express (2013) မြန်မာစာတန်းထိုး
Robin Hood (2018) Blu-Ray 720p မြန်မာစာတန်းထိုး
Rambo: Last Blood (2019) မြန်မာစာတန်းထိုး