Friend Zone (2019) မြန်မာစာတန်းထိုး

Friend Zone (2019) မြန်မာစာတန်းထိုး

Your rating: 0
8.5 2 votes
what going on?

Synopsis

တစ်မေးတည်းမေးနေကြတဲ့ Friend Zone ကို FOFပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်
ပထမဆုံး Friendzoneကြည့်ပြီး Friendzoneထဲမရောက်ကြပါစေနဲ့ လို့ အရင်ဆုတောင်းပေးပါတယ်နော်
Ratingက 7.4/10ရရှိထားပြီး Romance Comedy အမျိုးအစားလေးဖြစ်ပါတယ် ထိုင်းရဲ့ Bad Genius Brother Of the Year Home Stayအစရှိတဲ့နာမည်ကြီးဇာတ်ကားပေါင်းများစွာကို ထုတ်လုပ်ထားတဲ့ GDH Productionရဲ့third filmဖြစ်ပြီး နိုင်ငံတကာမှာလည်း အောင်မြင်မှုတွေရခဲ့ပါတယ် ASEANနိုင်ငံတွေမှာလည်း ရိုက်ကူးခဲ့တာဖြစ်လို့ မြန်မာနိုင်ငံလည်းပါဝင်ပါတယ်
” ငါတို့နဲ့တော့ ဖုန်းတွေအကြာကြီးပြောတယ် ဒါပေမဲ့ ပြောတဲ့အကြောင်းကလည်း သူတို့အကောင်တွေ အကြောင်းချည်းပဲ ”

“ငါတို့နဲ့ရှိနေရင် စိတ်သက်သာရာရတယ် သက်တောင့်သက်သာရှိတယ်လို့ပြောပြီး
ခရီးသွားတော့ကျ သူတို့ဘဲတွေနဲ့ပဲသွားတယ်”

“ငါ့exကိုမေ့မရလို့ ငါ့ကိုစောင့်ပြီးငါ့အနားမှာပဲနေပေးပါ”
“နင်က ငါအတွက် နောက်ထပ်မရှိနိုင်တော့တဲ့ သူငယ်ချင်းပါ”

ဒါမျိုးတွေ Friendzoneထဲ အသွင်းခံနေရတဲ့ broတွေတော့ ရင်းနှီးနေမှာပေါ့နော် 😛 ဒီလိုမျိုး ဂျင်းထည့်ခံနေရတဲ့သူတွေဘယ်နှစ်ယောက်လောက်များရှိလဲ
Crush က ရည်းစားမထားချင်သေးလို့ exကိုမေ့မရလို့ ဒါမှမဟုတ် ကိုယ်က သတ္တိနည်းလို့ အမျိုးမျိုးအကြောင်းကြောင့်
“ငါတို့ကသူငယ်ချင်းတွေလေ”ဖြစ်နေတဲ့သူတွေ ဒီကားကြည့်မိရင် ကိုယ့်ကိုကိုယ်တောင် ပြန်မြင်လာနိုင်ပါတယ်…
ဒါမဲ့ စိတ်ဓာတ်မကျပါနဲ့ ဒီထဲက မင်းသားတောင် ၁၀နှစ်လောက် ဒုက္ခခံခဲ့ရတာပါ

အဲ့တော့ဇာတ်လမ်းကိုပြောရရင် အချစ်ဟာပေးဆပ်ခြင်းပေါ့လေ
မင်းသားကPalm မင်းသမီးGink
ငယ်ငယ်လေးတည်းက အနားမှာ ရှိနေပေးခဲ့တဲ့ သူငယ်ချင်းလေး
ချစ်တယ်တော့ပြောပါရဲ့..အနားမှာလည်းအမြဲရှိပေးတယ်
Palm နင့်ကို တစ်ခါပဲမေးမယ် ထပ်မမေးတော့ဘူး နင့်ငါ့ကိုဘယ်လိုအချစ်မျိုးနဲ့ချစ်တာလဲဆိုတော့
Palmကတော့ ဖြေတယ်..”သူငယ်ချင်းလိုမျိုး”တဲ့
အဲ့နေ့ကစပြီး Ginkဘယ်တော့မှPalmကိုမမေးတော့ဘူး
Palmက အမြဲတမ်း Ginkအနားမှာရှိနေခဲ့တယ်
ဒါပေမဲ့ ချစ်သူတွေမဟုတ်ဘူး ..
လိုသုံးလို့တော့ အမည်မတပ်ရက်ပေမဲ့ လိုအပ်တိုင်း အနားမှာအမြဲရှိနေပေးခဲ့တဲ့ Palm
“သူငယ်ချင်းတွေက လမ်းခွဲစရာမလိုဘူး”ဆိုတဲ့ တားထားတဲ့ စည်းပါးပါးလေးကြောင့် Palmဘက်ကတော့ မပြောင်းလဲဘဲ ၁၀နှစ်တိတိ ချစ်ခဲ့တယ်
ဒါပေမဲ့ သူငယ်ချင်းဆိုတာ ချစ်သူတော့မဟုတ်ခဲ့ဘူး.. ချစ်သူနဲ့ယှဉ်လာတဲ့အခါမျိုးမှာ Ginkဘေးမှာရှိတဲ့သူကတော့ Palmမဟုတ်ခဲ့သလိုပေါ့
Ginkပျော်တာကိုပဲမြင်ချင်တဲ့Palmလေး Friendzoneထဲက ရုန်းထွက်နိုင်မလားဆိုတာ ပရိသတ်ကြီးပဲ ခံစားကြည့်ရူကြလိုက်ကြပါရှင့်

Genre : Romance / Comedy
File size : 850 MB
Quality : Web-DL
Running Time : 2h
Format : Mp4
Subtitle : Myanmar
Review : Khin Maddy
Translate : Khin Maddy & Yuzana Nyi
Encode : Soe Htwe

 

Director

Director

Cast

Similar titles

Love Again မြန်မာစာတန်းထိုး
Office Uprising (2018) မြန်မာစာတန်းထိုး
Thaanaa Serndha Koottam (2018) မြန်မာစာတန်းထိုး
Roman Holiday (1953) မြန်မာစာတန်းထိုး
Awe! (2018) မြန်မာစာတန်းထိုး
Jojo Rabbit (2019) မြန်မာစာတန်းထိုး
7 Days (2018)  မြန်မာစာတန်းထိုး
Closer မြန်​မာစာတန်းထိုး
Jattu Engineer (2017) မြန်မာစာတန်းထိုး
Hot Shots! Part Deux (1993) မြန်မာစာတန်းထိုး
Dilwale Dulhania Le Jayenge (1995) မြန်မာစာတန်းထိုး
Srinivasa Kalyanam (2018) မြန်မာစာတန်းထိုး