Video Sources 6327 Views

  • Watch traileryoutube.com
Feng Shui (2018) မြန်​မာစာတန်းထိုး

Feng Shui (2018) မြန်​မာစာတန်းထိုး

The one that occupies the propitious site would rule the world.Sep. 19, 2018126 Min.
Your rating: 0
8.4 5 votes
what going on?

Synopsis

Feng Shui (2018) မြန်​မာစာတန်းထိုး
 
Cho Seung Woo, Baek Yoon Sik နဲ့
Ji Sung တို့ အပြိုင်သရုပ်ဆောင်ထားတဲ့
ဒီရုပ်ရှင်ဇာတ်ကားမှာ ဂျိုဆွန်ပြည်
နယ်ချဲ့လက်အောက်မရောက်ခင် ​မြေရှင်ပဒေသရာဇ်တွေရဲ့ ​သွေးချောင်းစီးအာဏာလုပွဲအကြောင်း
ဖုန်းရွှေအယူအဆအစီအရင်တွေအကြောင်း
စိတ်ဝင်စားဖွယ် ရိုက်ကူးတင်ဆက်ထားပါတယ်။
 
ဂျိုဆွန်ပြည်မှာ အမတ်ကြီး ကင်ဂျာဂွန်းဦးဆောင်တဲ့
ကင်မျိုးနွယ်စု တန်ခိုးအာဏာ စတင်ကြီးထွားချိန်၊
အိမ်ရှေ့မင်းသားဟျိုမြောင် လုပ်ကြံခံရပုံနဲ့
ဇာတ်လမ်းကို အစပျိုးထားပါတယ်။
 
အိမ်ရှေ့မင်းသားအလောင်းကို မြေချဖို့
မင်္ဂလာနေရာရွေးကြတဲ့အခါ
နန်းတွင်းဖုန်းရွှေသင်တန်းသား
ပတ်ဂျယ်ဆန်းက ဘုရင့်အတိုင်ပင်ခံ
ဖုန်းရွှေဆရာကြီးတွေ တစ်ညီတစ်ညွတ်ထဲ
ရွေးချယ်ပေးခဲ့တဲ့ တော်ဝင်သချိုင်္င်းမြေကို
ရဲရဲဝံ့ဝံ့ကန့်ကွက်ခဲ့ပါတယ်။
 
ဒါပေမယ့် သူ့ပညာစွမ်းနဲ့ ဘုရင်အပေါ်
သစ္စာစောင့်သိမှုက သူ့ဘ၀ကို ဖျက်စီးပစ်လိမ့်မယ်
ဆိုတာကိုတော့ လုံးဝကြိုမသိခဲ့ပါဘူး။
 
မင်းသားအလောင်းမြေချပြီး မကြာခင်မှာပဲ
သူ့ဇနီးသည်နဲ့ မွေးကင်းစသားငယ်ကို
ကင်မျိုးနွယ်ရဲမက်တွေက ရက်ရက်စက်စက်
သတ်ပစ်ခဲ့တာကြောင့် နန်းတွင်းကို စွန့်ခွာပြီး
မိတ်ဆွေတစ်ယောက်နဲ့အတူ အရပ်တကာ
လှည့်လည်သွားလာနေခဲ့ပါတယ်။
 
သူထွက်သွားတဲ့ ၁၃နှစ်တာ ကာလအတွင်း
ကင်မျိုးနွယ်ဝင်တွေဟာ လက်ရှိအုပ်ချုပ်နေတဲ့
ဘုရင်ငယ်လေးကို ကြိုးဆွဲချယ်လှယ်နိုင်တဲ့အထိ
စီးပွားရေးအင်အား၊ စစ်မက်အင်အား
တောင့်တင်းပြီး ဘုန်းတန်ခိုးအာဏာ
ကြီးသည်ထက်ကြီးလာခဲ့ပါတယ်။
 
ဒီအဖြစ်အပျက်တွေရဲ့ နောက်ကွယ်က
လျှို့ဝှက်ချက်ကို ဘယ်သူမှ
မဖော်ထုတ်နိုင်ခဲ့ပေမယ့် နတ်ရွာစံဘုရင်တွေ
မြေချခဲ့တဲ့ တော်ဝင်သချိုင်္င်းမြေတွေကို
အမတ်ကြီးကင်ဂျာဂွန်းက တစ်ခုပြီးတစ်ခု
လက်ဝါးကြီးအုပ် ၀ယ်ယူနေတဲ့အကြောင်း
ဘုရင့်နားဝ ပေါက်ကြားသွားတဲ့အခါ
ဖုန်းရွှေဆရာ ပတ်ဂျယ်ဆန်းတစ်ယောက်
ကွယ်လွန်သူ ဇနီးနဲ့သားအတွက်
ကလဲ့စားချေရင်း ဘုရင်နဲ့မူးမတ် အာဏာလုပွဲကြား ပါဝင်ပတ်သက်ဖို့ အကြောင်းဖန်လာပါတော့တယ်…
 
ဒီဇာတ်ကားဟာ စစ်ရေးအသားပေး
ရာဇ၀င်ကားတွေကနေ ခွဲထွက်ပြီး
ရှေးခေတ်ဘုရင်တွေ၊
မူးကြီးမတ်ရာတွေရဲ့ ရိုးရာယုံကြည်သက်ဝင်မှု၊
အယူသည်းမှုနဲ့ အာဏာရမ္မက်ကြောင့်
လောဘ၊ ဒေါသ၊ မောဟ ဖုံးလွှမ်းကြပုံတွေကို
မျက်ဝါးထင်ထင် တွေ့မြင်ခံစားရမယ့်
ဇာတ်ကားကောင်းတစ်ကား ဖြစ်တာမို့
ရုပ်ရှင်ချစ်ပရိသတ်ကြီး
သဘောကျနှစ်သက်လိမ့်မယ်လို့ ယုံကြည်ပါတယ်…
 
အားလုံးပဲ ကြည့်ရှုခံစား အားပေးကြပါဦးလို့….
File Size : 997 MB
Quality : HD-RIP 1280×536
Running Time : 2hr 06min
Format : Mp4
Subtitle : Myanmar
Translate : May Myat Thu
Encoded : Wai Linn Kyaw
Feng Shui (2018) မြန်​မာစာတန်းထိုး
Feng Shui (2018) မြန်​မာစာတန်းထိုး
Feng Shui (2018) မြန်​မာစာတန်းထိုး
Feng Shui (2018) မြန်​မာစာတန်းထိုး
Feng Shui (2018) မြန်​မာစာတန်းထိုး
Original title 명당
TMDb Rating 7.5 2 votes

Similar titles

Golmaal: Fun Unlimited (2006) မြန်မာစာတန်းထိုး
Haseena Parkar (2017) မြန်မာစာတန်းထိုး
Kings (2017) မြန်​မာစာတန်းထိုး
The Gangster The Cop The Devil (မြန်မာစာတန်းထိုး)
Freres Ennemis (2018) မြန်မာစာတန်းထိုး
Contagion (2011) မြန်မာစာတန်းထိုး
Code Of Silence (1985) မြန်မာစာတန်းထိုး
Lover’s Concerto မြန်မာစာတန်းထိုး
Faster (2010) မြန်​မာစာတန်းထိုး
The Game Changer (2017) မြန်မာစာတန်းထိုး
God of Gamblers II (1990) မြန်မာစာတန်းထိုး
Jungle (2017) မြန်မာစာတန်းထိုး