Extinction (2018) မြန်မာစာတန်းထိုး

Extinction (2018) မြန်မာစာတန်းထိုး

Your rating: 0
10 1 vote
what going on?

Synopsis

Extinction (2018) မြန်မာစာတန်းထိုး
==============================

ကျနော်တို့ အရမ်းရင်းနှီးတဲ့ သူတစ်ယောက်နဲ့

မိတ်ဆက်ပေးပါရစေ…

ဟုတ်ပါတယ် Michael Peña ပါ သူကတော့

Ant Man ရုပ်ရှင်တွေမှာ စကားအင်မတန်များပြီး

ဟာသ ဇတ်ရုပ်နဲ့ လူတိုင်းချစ်ကြတဲ့ သူပါ

အခု Netflix ရဲ့ ဇတ်လမ်းတစ်ခုမှာ

ခေါင်းဆောင်သရုပ်ဆောင် တစ်ဦးအဖြစ်

ပါဝင်လာခဲ့ပါပြီ Michael Peña ကို ဒီဇတ်လမ်းမှာ

Ant Man ထဲက မျက်နှာပြောင်ချော်ချော် နဲ့

စကား အင်မတန်များတဲ့ သူ အဖြစ်မြင်တွေ့ရမှာမဟုတ်ပဲ

အိမ်ထောင်ဦးစီးယောင်္ကျားတစ်ယောက် သမီး ၂ ဦးရဲ့ ဖခင်

အလုပ်မှာ တာဝန်ကျေတဲ့ ၀န်ထမ်းကောင်း တစ်ဦးအဖြစ်တွေ့ရမှာ

ဖြစ်ပြီး သူ့ကာရိုက်တာ ကတော့ အေးဆေးတဲ့ လူတစ်ဦးအဖြစ်ပါ

Netflix က ထွက်လာတဲ့ ဇတ်လမ်းမှန်သမျှ ဟာ အမှိုက်တောင်းထဲ

ပစ်လိုက်ရတယ် မရှိအောင် ကောင်းတာတွေ များပြီး အခုနောက်ပိုင်း

သိပ္ပံဘက် နွယ်တဲ့ ရုပ်ရှင်တွေ များလာပါတယ် ပြီးတော့

တွေးစရာတွေ အများကြီးပေးပြီး လူတွေ ရဲ့ စိတ်သဘောထားကို

ဖောက်ထုတ်ပြသတဲ့ ရုပ်ရှင်တွေ များပါတယ်

ဒီ Extinction ဆိုတဲ့ ရုပ်ရှင်ကားမှာတော့ ပီတာဆိုတဲ့

လူတစ်ဦးဟာ အိပ်မက်ဆိုး တစ်ခုကို အမြဲလိုလို မြင်မက်နေပါတယ်

သူတို့ နေထိုင်တဲ့ ကမ္ဘာကြီးဟာ ကမ္ဘာတစ်ဖက်က ဂြိုလ်သားတွေ

ရန်ကြောင့် ပျက်စီးပြီး သူတို့ အားလုံးသေကြရတာကို မြင်မက်နေတာပါ

သူ့ဇနီး ရော အလုပ်က လုပ်ဖော်ကိုင်ဖက်တွေကပါ သူရူးနေတယ်လို့

သက်မှတ်ထားကြပြီး ဆရာဝန် နဲ့ ပြဖို့သာ တွင်တွင် ပြောနေခဲ့ပါတယ်

ဒီလိုနဲ့ ပီတာဟာ လူတွေ နဲ့ ခပ်ကင်းကင်း နေဖြစ်ခဲ့ပြီး

သူ့ အိပ်မက်ထဲက အဖြစ်အပျက်ကိုပဲ စိုးရိမ်ထိတ်လန့်နေခဲ့တယ်

တစ်ရက်မှာ ပီတာ ရဲ့ ဇနီးဖြစ်သူက ပီတာ စိတ်သက်သာစေဖို့

သူငယ်ချင်းတွေ မိတ်ဆွေတွေကို ခေါ်ပြီး ပါတီ လုပ်ခဲ့ကြတယ်

အဲ့ဒီ ပါတီလုပ်နေတဲ့ ညမှာပဲ မိုးပေါ်က ကြယ်တွေ တဖြုတ်ဖြုတ်ကြွေပြီး

ကမ္ဘာပေါ်ကို ဆင်းလာခဲ့တယ် ပီတာ အိပ်မက်တွေ အမှန်တကယ်ဖြစ်လာတာလား

သူတို့ အားလုံး တကယ်သေရတော့မှာလား ဆိုတာနဲ့

ပီတာ အိပ်မက်ထဲက အရာတွေကို ရင်ဆိုင်ဖို့ ကြိုတင်ပြင်ဆင်ထားခဲ့သလားဆိုတာ

ဆက်လက်ကြည့်ရှုလိုက်ရအောင်လား ခင်ဗျာ….

 

Director

Director

Cast

Similar titles

Ong-Bak (2003) မြန်မာစာတန်းထိုး
Veedinthe Telugu Movie မြန်မာစာတန်းထိုး
Tolkien 2019(မြန်မာစာတန်းထိုး)
Railroad Tigers (2016) မြန်မာစာတန်းထိုး
Wonder Woman (2017) မြန်မာစာတန်းထိုး
Killing Gunther (2017) မြန်မာစာတန်းထိုး
Fat Buddied (2018) မြန်မာစာတန်းထိုး
Logan (2017) မြန်မာစာတန်းထိုး
Savarakathi (2018) မြန်မာစာတန်းထိုး
After My Death (2017) မြန်မာစာတန်းထိုး
The Great Gatsby (2013) မြန်မာစာတန်းထိုး
Invasion USA (1985) မြန်မာစာတန်းထိုး