Bird Box (2018) မြန်မာစာတန်းထိုး

Bird Box (2018) မြန်မာစာတန်းထိုး

Your rating: 0
10 1 vote
what going on?

Synopsis

Netflix ရဲ့ 2018 ခုနှစ်ထွက် ဇာတ်ကားလေးပါ။ Sandra Bullock နဲ့ Sarah Paulson တို့ Ocean’s Eight နောက်ပိုင်း ပြန်ပြီးအတူတူတွဲ သရုပ်ဆောင်တဲ့ ဇာတ်ကားလေးပါ။

မယ်လိုရီဟာ အမြွှာကလေးနှစ်ယောက်နဲ့ ပျော်စရာမိသားစုလေး ပိုင်ဆိုင်ထားသူပါ။ တစ်နေ့မှာတော့ ကပ်ဆိုးတစ်ခု ကျရောက်ခဲ့ပါတယ်။ ဗိုင်းရပ်စ်ပိုးတစ်မျိုးဖြစ်ပြီး အကြည့်ကနေ စိတ်ဖောက်ကုန်ကြတာပါ။ လူဖြစ်ဖြစ် ၊ အဆောက်အဦးဖြစ်ဖြစ် မျက်လုံးထဲမှာ ရှင်းရှင်းလင်းလင်းမြင်ရတာကို သေချာကြည့်နေရုံနဲ့ ကြောက်စရာတွေမြင်လာပြီး ခြေမကိုင်မိလက်မကိုင်မိဖြစ်ပြီး စိတ်ဖောက်လာပါတယ်။

ဘာလုပ်လို့ လုပ်မိမှန်းမသိဘဲ ကိုယ့်ကိုယ်သတ်သေမိကုန်ကြပါတယ်။

အဲ့လိုကပ်ဆိုက်နေတဲ့ အချိန်မှာ မယ်လိုရီဟာ သူ့ကလေးနှစ်ယောက်နဲ့အတူ အသက်ရှင်ဖို့ နည်းလမ်း ရှာဖွေခဲ့ပါတယ်။ အဲ့ဒီကပ်ရောဂါကင်းတဲ့ နေရာတစ်နေရာရှိပြီး တောထဲကနေဖြတ် မြစ်တွေကိုဖြတ်ပြီး သွားရပါမယ်။ ပြီးရင်မျက်လုံးနဲ့ မကြည့်မိအောင် မျက်လုံးကို အဝတ်စည်းပြီး သွားမှ ရမှာပါ။

မယ်လိုရီဟာ ကလေးနှစ်ယောက်ကိုရော သူ့ကိုယ်သူပါ မျက်လုံးကို အဝတ်စည်းပြီး ခက်ခဲကြမ်းတမ်းတဲ့ ခရီးတစ်ခုကို စတင်ခဲ့ရမှ ခရီးစဉ်တစ်ခုလုံး သည်းထပ်ရင်ဖိုစွာ ကြည့်ရှုရမှာပါ။

File Size : 975 MB

Quality : WEBRip 1280×528

Running Time : 2hr 03min

Format : Mp4

Audio System: 5.1 Channel

Subtitle : Myanmar

Review : Zaw Min Than And Yuzana Nyi

Translate : Zaw Min Than

Encode : Wai Linn Kyaw

Director

Director

Cast

Similar titles