Ben Is Back (2018) မြန်မာစာတန်းထိုး

Ben Is Back (2018) မြန်မာစာတန်းထိုး

Your rating: 0
6 1 vote
what going on?

Synopsis

IMDb 6.9/10

Rotten tomatoes 80%

Drama ကား ကြိုက်တတ်တဲ့သူတွေအတွက် မင်းသမီး Julia Roberts ရဲ့ ၂၀၁၈ ခုနှစ်ထွက် မိခင်မေတ္တာကို ဖော်ညွှန်းတဲ့ကားလေး ဖြစ်ပါတယ်။

ခရစ်စမတ်နေ့မှာ ဟော်လီဟာ ဆုတစ်ခု တောင်းခံတယ်။ သူ့ရဲ့သားကြီး ဘန် အိမ်ပြန်လာပြီး သူတို့အတူတူ ခရစ်စမတ်ကို ကုန်ဆုံးစေချင်တာပါ။

ဘန် ပြန်လာခဲ့ပါတယ်။ ရုတ်တရတ်ကြီး အံဩဝမ်းသာခဲ့ရတဲ့ ဟော်လီ။ သူ့အပျော်တွေက ကြာကြာမခံခဲ့ပါဘူး။ ၁၉နှစ်အရွယ် ဘန်ဟာ ဆေးစွဲနေသူတစ်ယောက်ဖြစ်ပြီး ဆေးဖြတ်ရုံကနေ ခဏပြေးလာခဲ့တာပါ။

ပြီးခဲ့တဲ့ ခရစ်စမတ်တွေမှာ သောင်းကြမ်းထားတဲ့ ဘန်ကို ဘယ်သူမှ မယုံရဲပါဘူး။ ဟော်လီဟာ ဘန်ကို တစ်ရက်အိမ်မှာ ပေးနေခွင့်ပြုပြီး သူ့မျက်စိအောက်မှာသာ နေရမယ်လို့ အပေးအယူ လုပ်လိုက်ပါတယ်။

ခရစ်စမတ်ည ဘုရားကျောင်းသွားပြီးအပြန် ဟော်လီတို့ အိမ်ဖောက်ခံရပြီး ခွေးလေး ပေါမ်စ် ပျောက်ဆုံးသွားခဲ့တယ်။ ဘန်ရဲ့ညီမ အိုင်ဗီနဲ့ ဟော်လီရဲ့ နောက်ယောက်ျား နီးလ်တို့က ဘန်ကို စွပ်စွဲကြရမှာ ဘန်ဟာ သူ့ကြောင့်ဖြစ်တဲ့ ပြဿနာကို သူပြန်ရှင်းဖို့ အိမ်ကထွက်သွားခဲ့တယ်။

သားဖြစ်သူ လမ်းမှားပြန်ရောက်မှာ ကြောက်လွန်းတဲ့ဟော်လီဟာ ဘန်နဲ့အတူလိုက်ခဲ့ပြီး ဘန်ကိုလိုက်စောင့်ရှောက်ရာမှ….

ဘန်ဟာ ဟော်လီမျှော်လင့်သလို ဆေးလုံးဝပြတ်ပြီး ပြန်သန့်ရှင်းသွားမလားဆိုတာနဲ့အတူ

သားသမီးတိုင်းအတွက် ဂုဏ်ယူပါတယ်ဆိုတဲ့ အမေ

ဆိုးသည်ဖြစ်စေ ကောင်းသည်ဖြစ်စေ သားသမီးတိုင်းကို ညီတူညီမျှ ချစ်သော အမေ

သားအပေါ် သူများအပြစ်မပြောအောင် အရှေ့ကနေ ကာကွယ်ပေးသော အမေ

သားလူကောင်းဖြစ်လာဖို့ တတ်နိုင်သမျှ အကုန်ကြိုးစားပေးသော အမေ

အဖြစ် Julia Roberts ရဲ့ သရုပ်ဆောင်မှုကိုပါ ကြည့်ရှုရမယ့် ဇာတ်ကားဖြစ်ပါတယ်။

Genre : Drama
File size : 813mb
Quality :Web-DL(1280×536) 5.1CH
Running Time :1hr43min
Format :mp4
Subtitle : Myanmar
Review : Yuzana Nyi
Translate : Yuzana Nyi
Encode : Yuzana Nyi

 

 

 

Director

Director

Cast

Similar titles

Shaadi Mein Zaroor Aana (2017) မြန်မာစာတန်းထိုး
John Henry (2020) မြန်မာစာတန်းထိုး
Kedarnath (2018) WEB-DL 720p မြန်မာစာတန်းထိုး
Overman (2015) မြန်မာစာတန်းထိုး
A Ghost Story (2017) မြန်မာစာတန်းထိုး
The Girl in the Spider’s Web (2018) မြန်မာစာတန်းထိုး
Glass (2019) မြန်မာစာတန်းထိုး
Akira (2016) Blu-ray 5.1CH မြန်မာစာတန်းထိုး
Hacksaw Ridge (2016) မြန်မာစာတန်းထိုး
Fanaa or Destroyed in Love (2006) မြန်မာစာတန်းထိုး
More Than Blue (2009) မြန်မာစာတန်းထိုး
A Stray Goat (Nunbal)(2017) မြန်မာစာတန်းထိုး