Beauty And The Beast (2017) မြန်မာစာတန်းထိုး

Beauty And The Beast (2017) မြန်မာစာတန်းထိုး

Your rating: 0
10 2 votes
what going on?

Synopsis

 Beauty and the Beast (2017)

.

Storyline

.

Belle ဆိုတဲ့ တခြားမိန်းကလေးတွေနဲ့ မတူ ထူးခြားတဲ့ကောင်မလေးတစ်ယောက်ရှိပါတယ်။ တစ်ရက် အဖေလုပ်သူ လမ်းမှားပြီးတောထဲက ရဲတိုက်ကြီးတစ်ခုကိုရောက်၊ အင်မတန်မှ ရုပ်ဆိုးအကျဉ်းတန် ကြောက်ဖို့ကောင်းလှတဲ့ သတ္တဝါကြီးရဲ့ ဖမ်းဆီးအကျဉ်းချခြင်းကို ခံခဲ့ရတဲ့အတွက် သတ္တိရှိလှတဲ့ Belle ဟာ အဖေဖြစ်သူအတွက် ကိုယ်စား အကျဉ်းကျခံခဲ့ပါတယ်။ အဲမှာ Belle ဟာ လျို့ဝှက်ဆန်းကျယ်လှတဲ့ ရဲတိုက်ကြီးနဲ့ အဲမှာနေကြတဲ့ ဖော်ရွေလှတဲ့ သက်ရှိ အရာဝတ္ထုတွေ၊ နောက်တော့ အပြင်ပမ်း အကျဉ်းတန်သလောက် စိတ်ကောင်း ရှိတယ်လို့ထင်ရတဲ့ သတ္တဝါ Beast ကြီးနဲ့ပါ သံယောဇဉ် တွယ်လာခဲ့ပါတယ်။

.

Review

.

အားလုံးသိကြမဲ့အတိုင်း Disney ရဲ့ နာမည်ကျော် ကာတွန်းကို ပြန်အသက်သွင်းထားတာဖြစ်ပါတယ်။ မူရင်းဇာတ်လမ်းမှာ မင်းသမီးက မင်းသားကို ပြန်ကယ်ရတဲ့ ရုပ်ရှင်လည်းဖြစ်၊ တခြားကားတွေလို မဟုတ်ဘဲ dark ဖြစ်တဲ့ဘက် သွားထားလို့ တော်တော်ထူးခြားခဲ့တဲ့ ကားတစ်ကားလည်း ဖြစ်ပါတယ်။ နောက် ကာတွန်းမှာပါခဲ့တဲ့ နာမည်ကျော် တေးသီချင်းတွေကြောင့်လည်း အောင်မြင်ခဲ့တယ်ပေါ့။

.

အခုရုပ်ရှင်မှာလည်း ကာတွန်းနဲ့ တစ်ထေရာထဲ နီးပါးကို ပြန်အသုံးပြုထားတယ်။ သူ့အရင်ထွက်ခဲ့တဲ့ တခြား live action adaption တွေထက် သီချင်းတွေ ပိုသုံးထားတယ်။ အဲအတွက်တော့ ရုပ်ရှင်မှာ fan နည်းနည်းရွေးသွားလိမ့်မယ်ထင်ပါတယ်။ ဘာလို့ဆို ဇာတ်ရှိန်တက်လာလိုက် သီချင်းဆိုလိုက်နဲ့ အမြဲနီးပါးဖြစ်နေတော့ Disney ရဲ့ original animation fan တွေ၊ musical ကြိုက်သူတွေလိုမျိုးအတွက် အဆင်ပြေမှာဖြစ်ပေမဲ့ ရုပ်ရှင်အနေနဲ့ ပုံမှန်လောက် ကြည့်ချင်သူတွေအတွက်တော့ တော်တော်ပျင်းဖို့ကောင်းပါလိမ့်မယ်။

.

CGI နဲ့ art, animation ပိုင်းမှာတော့ ဘုရင်တစ်ဆူဖြစ်ပြီးသား Disney ရဲ့ လက်ရာဖြစ်တဲ့အတွက် အပြစ်ပြောစရာ မရှိလောက်အောင်ပါပဲ။ ဆိုလိုက် က လိုက်ကြတဲ့ သီချင်းတွေ၊ ရှုခင်းတွေ၊ ရဲတိုက်ကြီးနဲ့ အပေါင်းအပါတွေ၊ စားပွဲပေါ်မှာ တင်ထားတဲ့ တိုလီမုစ အကုန်လုံး အနုစိတ်ပြီး လက်ရာမြောက်တယ်။ တော်တော်လည်း အပင်ပမ်းခံနိုင်ကြပါပေတယ်။ အသံပိုင်းဆိုင်ရာလည်း တော်တော်ကောင်းတယ်။

.

သရုပ်ဆောင်ပိုင်းမှာ တော် ကျော်တို့ Belle အဖြစ်သရုပ်ဆောင်တဲ့ Emma Watson ဟာ တော်တော်လေး ကြိုးစားထားပေမဲ့ တစ်ခုခု လိုနေတယ်။ သူကိုယ်တိုင်ကလည်း feminist တစ်ယောက်ဖြစ်နေလို့ feminist ဆန်ဆန် ဇာတ်ကောင်နဲ့မို့ အံကိုက် ဖြစ်နေပေမဲ့ တစ်ချက်တစ်ချက်မှာတော့ အသက်မပါသလို ဖြစ်ဖြစ်နေတယ်။ နောက် သူ့မျက်နှာထားနဲ့ ပုံစံအရ လူပုံအလယ် သိပ်မပေါ်လွင်ခဲ့ဘဲ မြုပ်နေခဲ့တယ်။

.

ဒီကားမှာ သဘောအကျဆုံးကတော့ တခြားကားတွေမှာ ခံစားလို့မရခဲ့တဲ့ Luke Evans ပါ။ ဇာတ်ရုပ်နဲ့ လုံးဝ ကွက်တိ လုပ်နိုင်ခဲ့တယ်။ နောက် Lumiere အဖြစ် အသံနဲ့သရုပ်ဆောင်တဲ့ Ewan McGregor ကိုလည်း တော်တော် သဘောကျမိပါတယ်။

.

Beauty and the Beast ဟာ အားလုံးနီးပါး ကောင်းခဲ့တဲ့ ရုပ်ရှင်ပါ။ တစ်ခုရှိတာက အစပိုင်းမှာပြောခဲ့သလို ကာတွန်းကားထက်ကို ပိုပြီး musical ဆန်အားကြီးခဲ့တဲ့အတွက် hardcore fan တွေလောက် သီချင်းနဲ့ကတာ ကြိုက်သူတွေလောက်ဖို့ အဆင်ပြေ သဘောကျ အားရမှာဖြစ်ပေမဲ့ ပုံမှန်ရုပ်ရှင်ပို သဘောကျသူတွေအတွက်တော့ အဆင်မပြေပါဘူး။

.

Movie Information

Director : Bill Condon

Top billed cast: Emma Watson, Dan Stevens, Luke Evans

Production: Walt Disney, Mandeville Films

Distribution: Walt Disney studios motion pictures

Running Time: 2hr 9mins

Budget: $160 million

Box Office: $690 million

Age Rating : PG

.

Movie ratings

Datshin : 3.6/5

IMDb: 7.8/10

Rotten Tomatoes: 70%

.

 Review : Datshin

 

 

 

 

Download

Director

Director

Cast

Similar titles

Raja The Great (2017) မြန်မာစာတန်းထိုး
Timecop (1994) မြန်မာစာတန်းထိုး
Titanic (1997) မြန်မာစာတန်းထိုး
6 Years (2015) မြန်မာစာတန်းထိုး 18+
The Lovely Bones (2009) မြန်မာစာတန်းထိုး
Hasee Toh Phasee (2014) မြန်မာစာတန်းထိုး
Call Me Savior (2017) မြန်မာစာတန်းထိုး
Qayamat Se Qayamat Tak (1988) မြန်မာစာတန်းထိုး
Bamfaad (2020) မြန်မာစာတန်းထိုး
Legend of Eight Samurai (1983) မြန်​မာစာတန်းထိုး
Tonight, at the Movies (2018) မြန်မာစာတန်းထိုး
Roman Holiday (1953) မြန်မာစာတန်းထိုး