A.M.I (2019) မြန်မာစာတန်းထိုး

A.M.I (2019) မြန်မာစာတန်းထိုး

Your rating: 0
6.8 5 votes
what going on?

Synopsis

A.M.I ဆိုတာ Siri လိုမျိုး ကိုယ့်ရဲ့ဖုန်းကို အမိန့်ပေးပြီး စေခိုင်းလို့ ရတဲ့ application တစ်မျိုးပါဘဲ

AMI ရဲ့ ထူးခြားချက်ကတော့ အပျင်းပြေစကားပြောလို့ ရသလို စကားသံကိုလည်း ကိုယ့်စိတ်ကြိုက် အသံထားလို့ရပါတယ် ကိုယ့် Crush ရဲ့ အသံလေး ပြောင်းထားပြီး စကားပြောလို့ရတာပေါ့ ?

ကဲ ဇာတ်လမ်းက ဒီမှာ စပါပြီ
ကတ်စီဟာ အက်ဆီဒင့်တစ်ခုကြောင့် သူ့ရဲ့အမေကို ဆုံးရှုံးလိုက်ရပြီး အထီးကျန်နေသူပါ

တစ်နေ့ သူ့သူငယ်ချင်း တစ်ယောက်က ဖုန်းမှာ AMI ထည့်ထားပြီး စကားပြောတဲ့အကြောင်း သူ့ကို ပြောပြပေမယ့် သူက စိတ်မဝင်စားခဲ့ပါဘူး

အမေကို လွမ်းနေတဲ့ ကတ်စီ ရှိတဲ့အဖေကလည်း သူ့အမေရှိစဉ်ကတည်းက အတူတူနေတာ မဟုတ်တဲ့အတွက် ရှိတယ်ဆိုရုံပါဘဲ

ကတ်စီမှာ လီယမ်ဆိုတဲ့ ချစ်သူတစ်ယောက် ရှိပေမယ့် လီယမ်ဟာ ဘောလုံးကစားတာကိုသာ အာရုံအပြည့်ရှိပြီး တစ်ခြား မိန်းကလေးတွေနဲ့လည်း ပရောပရည် နေတတ်တဲ့သူပါ

ဒီလိုနဲ့ အထီးကျန်နေတဲ့ ကတ်စီဟာ တစ်ရက် လမ်းမှာ “သူငယ်ချင်း လုပ်မလား” ဆိုတဲ့ အသံကြားလို့ ကြည့်လိုက်ရမှာ ဖုန်းတစ်လုံးဖြစ်ပြီး ဖုန်းရဲ့ AMI က အလုပ်လုပ်နေတာကို တွေ့လိုက်ရပါတယ်

ကတ်စီလည်း ဖုန်းကို အိမ်ယူလာခဲ့ပြီး AMI ကို သူ့အမေရဲ့ အသံကို ပြောင်းလိုက်ပါတယ်

ကတ်စီဟာ AMI နဲ့ နေ့တိုင်းစကားပြောနေပြီး AMI ကို တကယ် သူ့အမေပြောနေတာလို့ ထင်လာပါတယ်

AMI ကလည်း သူ့ကို သူ့အမေလိုဘဲ နေ့စဉ် ဘာလုပ်ရမလဲ ပြောနေရာကနေ ကတ်စီကို အမှားတွေ ကျူးလွန်ဖို့ သွေးဆောင်လာပါတော့တယ်

AMI ပြောသမျှ အဟုတ်ထင်ပြီး ကတ်စီ ဘာအမှားတွေ ဆက်လုပ်နေမလဲ AMI ဟာ တကယ်ဘဲ သူ့အမေရဲ့ ဝိဉာဉ် ပူးကပ်နေသလားဆိုတာကို သည်းထိပ်ရင်ဖို ကြည့်ရှုရမယ့် ဇာတ်ကားလေးပါ

နည်းပညာတွေဟာ သင့်ရဲ့လူနေမှုဘဝကိုပါ လွှမ်းမိုးချုပ်ကိုင်ပစ်နိုင်ကြောင်းကို Horror ဆန်ဆန် ရိုက်ကူးထားလို့ FOF ပရိတ်သတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်

Genre : Horror
File size : 768 mb
Quality : WebRip (720p)
Running Time : 1h 17m
Format : Mp4
Subtitle : Myanmar
Review : Yuzana Nyi
Translate : Yuzana Nyi
Encode : Yuzana Nyi

 

 

 

Director

Director

Cast

Similar titles

Mr. Vampire Saga (1988) မြန်မာစာတန်းထိုး
Pitchfork (2016) မြန်မာစာတန်းထိုး
Raj_Mahal_3_(Dhilluku_Dhuddu)_2017 မြန်မာစာတန်းထိုး
The Dark Tower (2017) မြန်မာစာတန်းထိုး
Membunuh: Murder (2011) မြန်မာစာတန်းထိုး
Legend of Eight Samurai (1983) မြန်​မာစာတန်းထိုး
The Hole In The Ground (2019) 720p WEB-DL မြန်မာစာတန်းထိုး
The Faculty (1998) မြန်မာစာတန်းထိုး
Tripura(2015)မြန်​မာစာတန်းထိုး
Cyber Bride (2019) မြန်မာစာတန်းထိုး
Scary Stories to Tell in the Dark (မြန်မာစာတန်းထိုး)
Open Water 3: Cage Dive (2017)