Goosebumps 2: Haunted Halloween

winkyawthuDecember 12, 2018

Goosebumps 2: Haunted Halloween
Adventure Comedy ချစ်သူများအတွက် Goosebumps 2 လာပါပြီ။ ၂၀၁၅ ခုနှစ်တုန်းက ထွက်ခဲ့တဲ့ ပထမဇာတ်ကားတုန်းကလိုပဲ နာမည်ကျော်ဟာသသရုပ်ဆောင် Jack Black က Goosebumps ၀တ္ထုတွေရေးသားတဲ့ ထိတ်လန့်သည်းဖိုစာရေးဆရာ R.L.Stine အဖြစ် သရုပ်ဆောင်ထားပြီး Madison Iseman, Jeremy Ray Taylor နဲ့ Caleel Harris တို့ ပါဝင်အားဖြည့်ထားပါတယ်။
ဆာရာနဲ့ဆန်နီတို့ဟာ တစ်မျိုးတစ်ဘာသာစီထူးချွန်ကြတဲ့ မတည့်အတူနေမောင်နှမတွေပါ။ ဆာရာက ရသစာပေ အရေးအသားကောင်းသူဖြစ်ပြီး ထိပ်တန်းတက္ကသိုလ်တစ်ခုမှာ ၀င်ခွင့်ရဖို့ ကြိုးစားနေသူပါ။ ဆန်နီကတော့ သိပ္ပံပညာကို အရမ်းစိတ်ဝင်စားပြီး ကျောင်းပရောဂျက်တစ်ခုအတွက် လုံးပန်းနေရသူပါ။ ဆန်နီနဲ့ အချစ်ဆုံးသူငယ်ချင်း ဆမ်က Junk Brothers အဖွဲ့ဖွဲ့ထားပြီး ကျောင်းအားချိန်မှာ တစ်ခြားအိမ်တွေအတွက် အမှိုက်လိုက်ရှင်းပေးပါတယ်။ ဟောလိုးဝင်းမတိုင်ခင်တစ်နေ့မှာ လူမနေတဲ့အိမ်ကြီးတစ်အိမ်ကို အမှိုက်ရှင်းရင်း ထူးဆန်းတဲ့ သေတ္တာတစ်လုံး ရှာတွေ့ခဲ့ပါတယ်။ သေတ္တာထဲမှာ သော့ခတ်ထားတဲ့ စာအုပ်တစ်အုပ်ရှိနေပြီး စာအုပ်မှာပါတဲ့ ဂါထာတစ်ပုဒ်ကို ရွတ်လိုက်မိတဲ့အခါ ဆလက်ပီဆိုတဲ့ သစ်သားလက်ထိုးရုပ်လေးတစ်ရုပ် ပေါ်လာခဲ့ပါတယ်။ အဲဒီ့ကနေ အိမ်အပြန်လမ်းမှာ bully တစ်အုပ်နဲ့တွေ့ခဲ့ပြီး စာအုပ်လုယူခံလိုက်ရပေမယ့် မမြင်ရတဲ့စွမ်းအားတစ်ခုက အဲဒီ့ bully တွေကို ဒုက္ခပေးခဲ့ပါတယ်။
အဲဒီ့နေ့ညမှာ ဆန်နီတစ်ယောက် ပရောဂျက်အတွက် အစမ်းလေ့ကျင့်ရင်း လက်ထိုးရုပ်ဆလက်ပီမှာ အသက်ရှိနေတဲ့အပြင် သူမြင်နိုင်သမျှ အရာအားလုံးကို မှော်အစွမ်းနဲ့ ပြုပြင်ပြောင်းလဲနိုင်မှန်း လက်တွေ့သိခဲ့ရပါတယ်။ အစပိုင်းမှာ ဆလက်ပီက ဆန်နီတို့မိသားစုဝင် ဖြစ်ချင်တဲ့အကြောင်း၊ Junk Brothers အဖွဲ့မှာ ပါချင်တဲ့အကြောင်း ကောင်းကောင်းမွန်မွန်ပြောပြခဲ့ပြီး ဆန်နီ့အိမ်စာတွေနဲ့ အိမ်အလုပ်တွေ ကူလုပ်ပေးခဲ့ပါတယ်။ ဒါပေမယ့် ဆလက်ပီ့လုပ်ရပ်တွေက တစ်ဖြည်းဖြည်း တရားလွန်လာတဲ့အတွက် ဆန်နီ၊ ဆာရာနဲ့ ဆမ်တို့ကိုယ်တိုင် တောထဲသွားပြီး လွှင့်ပစ်ခဲ့ပါတယ်။ နောက်မှသိလိုက်ရတာက လက်ထိုးရုပ်ဆလက်ပီဟာ ထိတ်လန့်သည်းဖိုစာရေးဆရာ R.L.Stineရဲ့ ပထမဆုံးစာအုပ်ထဲက မကောင်းဆိုးဝါး ဇာတ်ကောင်တစ်ကောင် ဖြစ်နေတယ်ဆိုတာပါပဲ။
မိသားစုကနေ ကန်ထုတ်ခံရတဲ့ ဆလက်ပီတစ်ယောက် ဟောလိုးဝင်းညမှာ ဘယ်လိုကလဲ့စားပြန်ချေမလဲ
Goosebumps ရဲ့ ထုံးစံအတိုင်း ဆန်နီတို့မောင်နှမတစ်သိုက် ဟောလိုးဝင်းညကို ဘယ်လိုကယ်တင်မလဲ
ဆလက်ပီပါဝင်တဲ့ မူရင်းဝတ္ထုအဆုံးသတ်ကရော ဘယ်လိုဖြစ်နေမလဲဆိုတာ
ကြည့်ရှုခံစား အားပေးလို့ရပါပြီ။ PG rating မို့လို့ သားသားမီးမီး တူတူမလေးတွေနဲ့လည်း အတူတူကြည့်လို့ရတယ်နော်။ Have Fun!

translated by May Myat Thu

encoded by Phyo Thant

Categories